
၅.၅.၂၀၂၅ ရက်နေ့ ရန်ကုန်မြို့သို့ ဖျာပုံမြို့နယ်မှ ရွှေဟင်္သာ သင်္ဘောဖြင့် ကြားပျံ (၄၉၅)အိတ်၊ ပေါ်ကျွဲ(၈၇၅) အိတ်၊ ဧည့်မထ(၂၈၇၆)အိတ်၊ ဆန်ကွဲ(၂၃၆၇)အိတ်၊ ဝါးခယ်မမြို့နယ်မှ ရွှေစန္ဒာလင်း သင်္ဘောဖြင့် ပေါ်ဆန်း (၂၂၅) အိတ်၊ ပေါ်ကျွဲ(၁၅၀) အိတ်၊ ဧည့်မထ(၃၉၇၁)အိတ်၊ ဆန်ကွဲ(၃၆၇)အိတ်၊ မော်ကျွန်းမြို့နယ်မှ ဝင်းစိန်သင်္ဘောနှင့် ကောင်းထက်သင်္ဘောဖြင့် ပေါ်ဆန်း (၁၅၅၀)အိတ်၊ ပေါ်ကျွဲ (၄၇၀)အိတ်၊ ဧည့်မထ(၅၂၈၀) အိတ်နှင့် ဆန်ကွဲ(၁၇၀၀) အိတ်၊ ဘိုကလေးမြို့နယ်မှ လင်းသစ်ကျော် သင်္ဘောနှင့် ကြံတိုင်းအောင် သင်္ဘာများဖြင့် ကြားပျံ(၃၀၅) အိတ်၊ ပေါ်ဆန်းအိတ်ရေ(၂၅၈၅)၊ ဧည့်မထ (၁၀၉၈)အိတ်နှင့်် ၊ လပ္ပတ္တာမှ ဇော်မြင့်မြတ် သင်္ဘောဖြင့် ပေါ်ဆန်း(၁၅၉၇) အိတ်၊ ဆန်ကွဲ(၄၀၀) အိတ်၊ ကျိုက်လတ်မှ ထွန်းသူရမောင်သင်္ဘောနှင့် ပြည့်စုံသာလွန် သင်္ဘောများဖြင့် ဧည့်မထ(၄၈၂၄) အိတ်နှင့် ဆန်ကွဲအိတ်(၆၇၅) ၊ ကော့မှူးမှ ကားဖြင့် ပေါ်ဆန်း(၁၃၅၀) အိတ်၊ ပေါ်ကျွဲ(၈၀၀) အိတ်၊ ဧည့်မထ(၃၀၅၀) အိတ်၊ ဆန်ကွဲ(၂၀၀) အိတ်၊ ဒေးဒရဲမှ ဇမ္ဓူထွန်းသင်္ဘောဖြင့် ကြားပျံအိတ်ရေ(၄၄၆)၊ ဧည့်မထ(၃၀၇) အိတ်၊ ဆန်ကွဲ(၂၉၇) အိတ်နှင့် ကားအဝင် ကြားပျံ (၈၈၀)၊ ပေါ်ဆန်း(၁၁၅)၊ ပေါ်ကျွဲ(၇၅) အိတ်၊ ဧည့်မထ(၆၃၂) အိတ်နှင့် ဆန်ကွဲအိတ်ရေ(၆၂၀)တို့ ဝင်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
ယခင်နေ့များနှင့် နှိုင်းယှဉ်လျှင် ယနေ့ ၅.၅.၂၀၂၅ ရက်နေ့တွင် ရန်ကုန်မြို့သို့ သင်္ဘောများဖြင့် ဆန်ပိုမိုဝင်ရောက်ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)