
ဘုရင့်နောင်ဆန်စပါးကုန်စည်ဒိုင်သို့ ၅.၅.၂၀၂၅ ရက်နေ့တွင် ပဲခူး(အရှေ့) မှ ရှယ်စ ၃၄၅၀ အိတ်ဝင်ရောက်လာပြီး ဈေးနှုန်းမှာ ၆၁၀၀၀ မှ ၆၂၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၂၈၀၀ နှင့် ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ကျပ်၊ လက်စအိတ်ရေ ၁၈၂၀နှင့် ဈေးနှုန်းမှာ ၅၉၅၀၀ မှ ၆၀၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၃၆၂ နှင့် ဈေးနှုန်းများမှာ ၅၇၅၀၀ မှ ၅၈၅၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၄၈၆၂ နှင့် ဈေးနှုန်းများမှာ ၄၆၅၀၀ မှ ၅၀၀၀၀ ကျပ်တို့ဖြစ်ကြောင်း သိရှိခဲ့ရပြီး ပဲခူး(အနောက်) မှ ရှယ်စ ၁၉၈၀ အိတ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၂၆၅၀၊ လက်စအိတ်ရေ ၁၆၃၂၊ ၂၅ မတ်ဆန်အိတ် ၁၅၆၀၊ ဆန်ကွဲအိတ်ရေ ၄၉၂၀၊ ဧရာဝတီတိုင်းမှ ရှယ်စ ၃၆၂၈ အိတ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၀၄၀၊ လက်စအိတ်ရေ ၁၇၅၀၊ ၂၅ မတ်ဆန်အိတ် ၁၁၈၇၊ ဆန်ကွဲအိတ်ရေ ၅၀၈၁ တို့ဝင်ရောက် ကြောင်း သိရှိရပါသည်။
၃.၅.၂၀၂၅ ယခင်နေ့နှင့် ၅.၅.၂၀၂၅ ရက်နေ့ ဆန်ဝင်ရောက်မှုမှာ အနည်းငယ်မြင့်တက်လာ ပြီး ဈေးနှုန်းမှာ ပြောင်းလဲမှုမရှိကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)