Main menu

ထိုင်းနိုင်ငံ၏ ကားထုတ်လုပ်မှု အစီးရေ ၁.၄ သန်းအောက်ကျဆင်းနိုင်

Powered by Drupal

           အမေရိကန်အကောက်ခွန်မူဝါဒသက်ရောက်မှုကြောင့် ယခုနှစ်အတွက် ထိုင်းနိုင်ငံ၏ ကားထုတ်လုပ်မှုသည် ကနဦးရည်မှန်းချက်ဖြစ်သည့် အစီးရေ ၁.၅ သန်းအောက် ကျဆင်းနိုင်ကြောင်း ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ်က(FTI) က ပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံမော်တော်ယာဉ်လုပ်ငန်း အသင်းသည်လည်း ယခုနှစ်လည်တွင် ၎င်းတို့၏ရည်မှန်းချက်ကို လျှော့ချရန်စီစဉ်နေကြောင်း သိရပါသည်။ FTI ၏ ကားလုပ်ငန်းအသင်းသည်လည်း ယခုနှစ်လည်တွင် ၎င်းတို့၏ ရည်မှန်းချက်ကို လျှော့ချရန် စီစဉ်နေကြောင်း သိရပါသည်။ FTI ၏ ဒုတိယဥက္ကဌနှင့် အသင်း၏ပြောခွင့်ရပုဂ္ဂိုလ် ဖြစ်သူ Surapong Paisitpatanapong က ၎င်းတို့သည် ယခုနှစ်အတွက် ကားထုတ်လုပ်မှုကို အစီးရေ ၁.၄ သန်းအောက်လျှော့ကြရန် မျှော်မှန်းထားကြောင်း ပြောကြားခဲ့ပါသည်။ ၂၀၂၄ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ ကားထုတ်လုပ်မှုသည် အစီးရေ ၁.၄၆ သန်းရှိခဲ့ပြီး ရည်မှန်းချက်ဖြစ်သည့် အစီးရေ ၁.၅ သန်းအောက်ကျဆင်းခဲ့ကြောင်း သိရပါသည်။ ယခုနှစ်အစောပိုင်းတွင် အသင်းက တင်ပို့ရန်အတွက် ၁ သန်းနှင့် ပြည်တွင်းဈေးကွက်အတွက် ၅၀၀၀၀၀ တို့ဖြင့် ထုတ်လုပ်မှုရည်မှန်းချက်ကို အစီးရေ ၁.၅ သန်းသတ်မှတ်ထားကြောင်း ပြောကြားခဲ့ပါသည်။ ဧပြီလ ၂ ရက်နေ့တွင် အသက်ဝင်သည့်  အမေရိကန်သို့တင်ပို့မည့် ပြည်ပထုတ်မော်‌တော်ကားများအား အကောက်ခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံမည့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ကြေညာချက်ကြောင့် ကားအစိတ်အပိုင်း ထုတ်လုပ်သူများသည် အကောက်ခွန်နှုန်းသစ်များကို ကောက်ခံခြင်းခံရနိုင်ကြောင်း သိရပါသည်။ Mr Surapong သည် ကနဦးတွင် ဧပြီလ ၉ ရက်နေ့တွင် အသက်ဝင်မည်ဖြစ်သော်လည်း အမေရိကန်နှင့် ကုန်သွယ်ရေးညှိနှိုင်းဆွေးနွေးရန် ရက် ၉၀ ဆိုင်းငံ့ထားသည့် ထရမ့်၏ အကောက်ခွန်၏ သက်ရောက် မှုအပေါ် စိုးရိမ်ပူပန်လျှက်ရှိကြောင်း သိရပါသည်။ Mr Surapong က ရက် ၉၀ အတွင်းနှင့် ရက် ၉၀ လွန်မြောက်သောအခါ မည်သည့်အရာများဖြစ်ပျက်လာမည်ကို စောင့်ကြည့်ရမည်ဖြစ်ကြောင်းနှင့် အမေရိကန်၏ အကောက်ခွန်မူဝါဒသည် များစွာသောလုပ်ငန်းများအတွက် စိန်ခေါ်မှုဖြစ်နေကြောင်း ပြောကြားခဲ့ပါသည်။ ဇန်နဝါရီလမှ မတ်လအတွင်း ထိုင်းနိုင်ငံ၏ စုစုပေါင်းကားထုတ်လုပ်မှုသည် အစီးရေ ၃၅၂၄၉၉ စီး ရှိခဲ့ပြီး ၂၀၂၄ ခုနှစ် တူညီသည့်ကာလထက် ၁၄.၈ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရပါသည်။ ထို ၃ လတာကာလအတွင်း နိုင်ငံအတွင်း စုစုပေါင်းကား‌ရောင်းချရမှုသည် အစီးရေ ၁၅၃၁၉၃ စီး ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလထက် ၆.၄၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပါ သည်။ ယခုနှစ် ပထမ ၃ လပတ်ကာလအတွင်း နိုင်ငံသည် ကားအစီးရေ ၂၂၀၁၃၉ စီး တင်ပို့ခဲ့ပြီး ၂၀၂၄ ခုနှစ် တူညီသည့်ကာလထက် ၁၈.၆ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပါသည်။

Reference; Bangkok Post

DOCA(ရန်ကုန်)