Main menu

ပထမဆုံးပြည်တွင်းလုပ်ငန်းပိုင် ဆီမီးကွန်ဒတ်တာစက်ရုံတည်ဆောက်မှု စတင်ခဲ့သည့် ဗီယက်နမ်

Powered by Drupal

           CT Group ၏ ကုမ္ပဏီခွဲဖြစ်သည့် CT Semiconductor သည် ဗီယက်နမ်၏ ပထမဆုံး ပြည်တွင်းကုမ္ပဏီက အပြည့်အဝပိုင်သည့် ဆီမီးကွန်ဒတ်တာချပ်စ် စက်ရုံတည်ဆောက်မှု ဒုတိယ အဆင့်ကိုစတင်ခဲ့ကြောင်း သိရပါသည်။ Binh Duong ပြည်နယ်တွင်ကျင်းပခဲ့သည့် ပဏ္ဍပ်ရိုက်ပွဲ အခမ်းအနားကို ဒုတိယဝန်ကြီးချုပ် Nguyen Chi Dung၊ သိပ္ပံနှင့် နည်းပညာဒုတိယဝန်ကြီး Pham Duc Long နှင့် တက္ကသိုလ်များ၊ သုတေသနအသင်းများမှ ခေါင်းဆောင်များနှင့် နိုင်ငံတကာမိတ်ဖက် များတက်ရောက်ခဲ့ကြောင်း သိရပါသည်။ ထိုစက်ရုံကို Thuan An မြို့တော်ရှိ CT Group High-Tech Development Center တွင် တည်ဆောက်မည်ဟု သိရပါသည်။ အကျယ်အဝန်း ၃၀၀၀၀ စတုရန်း မီတာရှိသည့် ထိုစက်ရုံသည် ဆီမီကွန်ဒတ်တာ ချပ်စ်များ တပ်ဆင်ခြင်းနှင့် စမ်းသပ်ခြင်းတို့ ပြုလုပ် မည်ဟု သိရပါသည်။ စက်ရုံကို ၂၀၂၅ ခုနှစ် စတုတ္ထ ၃ လပတ်ကာလတွင် စတင်လည်ပတ်ပြီး ၂၀၂၇ ခုနှစ် မှစ၌ တစ်နှစ်လျှင် ချပ်စ် အခုရေ သန်း ၁၀၀ ထုတ်လုပ်နိုင်ရန် ရည်မှန်းထားကြောင်း သိရပါ သည်။ အခြေခံအဆောက်အအုံ၊ စက်ပစ္စည်းနှင့် စမတ်စက်ရုံစနစ်များပါဝင်သော ရင်းနှီးမြှုပ်နှံမှု ဒုတိယအဆင့်ကို ခန့်မှန်း အမေရိကန်ဒေါ်လာ သန်း ၁၀၀ နီးပါးကုန်ကျမည်ဟု သိရပါသည်။ အဓိက သယ်ယူပို့ဆောင်ရေး အချက်အခြာနေရာများနှင့် တက္ကသိုလ်များအနီးတွင်တည်ရှိသောထိုစက်ရုံသည် အလုပ်သမား၊ နည်းပညာရှင်နှင့် အင်ဂျင်နီယာ ၁၀၀၀ ကျော်ကို အလုပ်အကိုင်ဖန်တီးပေးနိုင်ရန် မျှော်မှန်း ရကြောင်း သိရပါသည်။ ချပ်စ်ထုတ်လုပ်ခြင်းအပြင် စက်ရုံသည် AI၊ unmanned aerial vehicles နှင့် smart transportation အစရှိသည့် နည်းပညာမြင့်ကဏ္ဍများသို့ CT Group ၏ တိုးချဲ့ မည့်အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရပါသည်။ အခမ်းအနားအတွင် CT Group ၏ ဥက္ကဌ ဖြစ်သူ Tran Kim Chung က ဆီမီးကွန်ဒတ်တာလုပ်ငန်းအတွက် ရေရှည်ပံ့ပိုးပေးမည့် မူဝါဒ များချမှတ်ရန်နှင့် တောင်ကိုရီးယား၊ တရုတ်နှင့် တရုတ်တိုင်ပေ အစရှိသည့် နိုင်ငံနှင့် ဒေသများတွင် အသုံးပြုသည့် မူဘောင်များပံ့ပိုးပေးရန် အစိုးရအားတိုက်တွန်းခဲ့ကြောင်း သိရပါသည်။

Reference; Vietnam Plus

DOCA(ရန်ကုန်)