Main menu

အင်ဒိုနီးရှားရှိစက်ရုံအတွက် အမေရိကန်ဒေါ်လာ သန်း ၁၉၀ ချေးယူခဲ့သည့် VinFast

Powered by Drupal

          ဗီယက်နမ်လျှပ်စစ်ကားကုမ္ပဏီဖြစ်သည့် VinFast သည် အင်ဒိုနီးရှားရှိ ၎င်းတို့၏ ပထမဆုံး စက်ရုံအတွက် အင်ဒိုနီးရှားဘဏ် ၂ ခုထံမှ အမေရိကန်ဒေါ်လာ သန်း ၁၁၀ နှင့် သန်း ၈၀ ရေရှည်ချေးငှားမှုသဘောတူညီချက်ရယူနိုင်ခဲ့ကြောင်း သိရပါသည်။ ထိုဘဏ် ၂ ခုမှာ နိုင်ငံတော်ပိုင် Bank Negara Indonesia (BNI) နှင့် PT Bank Maybank Indonesia Tbk (Maybank) တို့ဖြစ်ကြောင်း သိရပါသည်။ သဘောတူညီချက်အောက်တွင် BNI သည် ဘဏ္ဍာရေးစီမံခန့်ခွဲမှုကို ဦးဆောင်မည်ဟု သိရပါသည်။ ထိုချေးငှားမှုသည် အနောက်ဂျာဗားရှိ Subang တွင် VinFast ၏ လျှပ်စစ်ကားထုတ်လုပ်သည့်စက်ရုံတည်ဆောက်ခြင်းအတွက် ရည်ရွယ်ကြောင်း သိရပါသည်။ ထို့ပြင် နှစ်ဖက် စလုံးသည် အမေရိကန်ဒေါ်လာ သန်း ၈၀ ကို စက်ရုံထပ်မံတိုးချဲ့ရန်အတွက် ရင်းနှီးမြှုပ်နှံသွားမည်ဟု သိရပါသည်။ ယခင်ကလည်း VinFast နှင့် BNI တို့သည် ရင်းနှီးမြှုပ်နှံမှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် အင်ဒိုနီးရှားတွင်  VinFast ၏ အစိမ်းရောင်ဂေဟစနစ်အရှိန်မြှင့်တင်ရေးတို့တွင် ပူးပေါင်းဆောင်ရွက် ရန်အတွက် နားလည်မှု သဝဏ်လွှာလက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။ ထိုကနဦးဆောင်ရွက်မှု သည် အင်ဒိုနီးရှားစားသုံးသူများအတွက် အစိမ်းရောင်အသွင်းကူးပြောင်းမှု လွယ်ကူချောမွေ့စေရန် ရည်ရွယ်ကြောင်း သိရပါသည်။ VinFast Asia ၏ CEO ဖြစ်သူ Pham Sanh Chau က ၎င်းသည် VinFast ၏ အင်ဒိုနီးရှားတွင်တိုးချဲ့မှုနှင့် EV အသွင်ကူးပြောင်းရေးအတွက် အစဉ်မြင့်တက် နေသော ဝယ်လိုအားကိုဖြည့်စည်းရန် ကုမ္ပဏီ၏ ကမ္ဘာလုံးဆိုင်ရာထုတ်လုပ်မှု စွမ်းရည်ကို စဉ်ဆက်မပြတ်မြှင့်တင်ခြင်းအတွက် အလွန်အရေးပါကြောင်း ပြောကြားခဲ့ပါသည်။ စက်ရုံကို ၂၀၂၄ ခုနှစ် ဂျူလိုင်လတွင်စတင်ဆောက်လုပ်ခဲ့ပြီး၂၀၂၅ ခုနှစ် ဒုတိယနှစ်ဝက်တွင် စတင် လည်ပတ်ရန် စီစဉ်ထားကြောင်း သိရပါသည်။

Reference; Vietnam Plus  

DOCA(ရန်ကုန်)