Main menu

ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသော ဒေသထွက် ခဝဲသီးဈေးနှုန်း

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ရာသီပေါ်သီးနှံများနှင့် စားဖိုဆောင်သီးနှံများလည်း စိုက်ပျိုးလျက်ရှိကြောင်း၊  ယခုအခါ ကန့်ဘလူမြို့ နယ်အတွင်း ရာသီပေါ် ခဝဲသီးများစိုက်ပျိုး ရောင်းချလျက်ရှိကြောင်း သိရသည်။

ကန့်ဘလူမြို့ “မြို့မဈေး”တွင် ရောင်းချနေသည့်  ခဝဲသီးများသည် ကန့်ဘလူမြို့ပေါ်ရပ် ကွက်နှင့် ကန့်ဘလူမြို့နယ် နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများမှ ထွက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ မေလ ပထမပတ်အတွင်း ဒေသထွက် ခဝဲသီးဈေးနှုန်းများမှာ လက္ကား(၁)ပိဿာလျှင် (၃၀၀၀) ကျပ်၊ လက်လီ(၁)ပိဿာလျှင်(၃၂၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၈၀၀)ကျပ်ဖြင့် ရောင်းချကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)