
ပြည်ခရိုင်၊ အတွင်း သရက်သီးကိုပြည်မြို့နယ်နှင့် ပန်းတောင်းမြို့နယ်တို့တွင် အဓိက စိုက်ပျိုး လျက်ရှိပြီး ပေါက်ခေါင်းမြို့နယ်နှင့် ရွှေတောင်မြို့နယ်များတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးမှု သာရှိပါ သည်။ ခရိုင်အတွင်းသရက်သီးအဓိကစိုက်ပျိုးသော ပြည်မြို့နယ်မှ စိုက်ပျိုးထုတ်လုပ်သူ လုပ်ငန်းရှင် (သရက်ခြံ)ပိုင်ရှင် များနှင့် ပန်းတောင်းမြို့နယ်၊ ရွှေဘုံသာကျေးရွာမှ သရက်စိုက်တောင်သူများနှင့် တွေ့ဆုံ၍ စိုက်ပျိုးထွက်ရှိမှုအခြေအနေများကို တွေ့ဆုံဆွေးနွေးခဲ့ရာ ခရိုင်အတွင်း စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် ပြည်မြို့နယ်တွင် အပင်ရေ (၇၀၀၀)မှ (၁၀၀၀၀)ကြား စိုက်ပျိုး ထား ရှိပြီး ဈေးကွက်ဝင် စိန်တလုံးနှင့် မြကျောက်အမျိုးအစားများကို အဓိက စိုက်ပျိုးထားပါကြောင်းနှင့် အခြားမျိုးကွဲသရက်သီးများကိုလည်း စိုက်ပျိုးထားရှိပါသည်။ ပန်းတောင်းမြို့နယ်၊ ရွှေဘုံသာ ကျေးရွာမှ သရက်စိုက်တောင်သူများအနေဖြင့် မြကျောက်ကိုအဓိကထားစိုက်ပျိုးပြီး အပင်ရေ (၁၀၀၀၀)ဝန်းကျင်ခန့်စိုက်ပျိုးထားပါသည်။
ထွက်ရှိမှုအနေဖြင့် စိန်တလုံးတပင်လျှင် အလုံးရေ ၂၆၀၀ခန့် ၊ မြကျောက်အနေဖြင့် အလုံးရေ ၁၂၅၀ခန့် ထွက်ရှိပါကြောင်း သရက်စိုက်တောင်သူများအနေဖြင့် ဈေးနှုန်းရရှိမှုမှာ ယခင်နှစ်မှာတော့ မြကျောက်တစ်လုံးလျှင် ၁၀၀၀-၁၅၀၀ကျပ်မှ ၂၅၀၀ကျပ်ထိ ဈေးရရှိပြီး စိန်တလုံးမှာ မထွက်ရှိ သေးကြောင်း သိရှိရပါသည်။
ဈေးကွက်အနေဖြင့် ယခင်နှစ်များက ပြည်မြို့နယ်မှ ခြံပိုင်ရှင်များအနေဖြင့် ဘားအံ၊ မြဝတီ၊ မော်လမြိုင်၊ စစ်တွေ၊ တောင်ကုတ်၊ ရန်ကုန်နှင့်ဒေသတွင်းတင်ပို့ရောင်းချလျက်ရှိပြီး ပန်းတောင်းမြို့ နယ်၊ ရွှေဘုံသာကျေးရွာမှ တောင်သူများအနေဖြင့် ပြည်ဈေးကွက်ကို အဓိကထားရောင်းချလျက်ရှိပါ သည်။ သရက်သီးစိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် လာမည့်နှစ်တွင် စိန်တစ်လုံး သိန်းချီထွက်ရှိ နိုင်မည်ဟု ခန့်မှန်းထားကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)