Main menu

တောင်တွင်းကြီးမြို့နယ်၏ နွေစပါးစိုက်ပျိုးပြီးစီးမှုအခြေအနေ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်း ရန်ပယ်ဆည်ရေသောက်၊ ငမင်ဆည်ရေသောက်စနစ်ဖြင့် နွေစပါးဧက(၈၀၀)ကျော်စိုက်ပျိုးရန် လျာထားသတ်မှတ်ပြီး ယခုအခါ တွင် သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကာ နွေစပါးဧကများ ပန်းတိုင်အထွက်နှုန်း ရရှိရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသခံတောင်သူများနှင့်ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၅ခုနှစ်၊ မတ်လ(စတုတ္ထပတ်)တွင် စိုက်ပျိုးပြီးစီးခဲ့ပြီး ဇူလိုင်လဆန်းတွင် ရိတ်သိမ်းမည်ဖြစ်ကြောင်း သိရသည်။

     တောင်တွင်းကြီးမြို့နယ်တွင် အောင်နိုင်တိုးနွေစပါးမျိုးကို အဓိကထားစိုက်ပျိုးပြီး စပါးမျိုးစေ့ တစ်တင်းခွဲ(၁)အိတ်လျှင် ကျပ်(၆၅၀၀၀)ဖြင့်ဝယ်ယူပြီး တစ်ဧကလျှင် တစ်တင်းခွဲအိတ်(၁)အိတ် ကုန်ကျကြောင်း သိရသည်။ နွေစပါးစိုက်ပျိုးထုတ်လုပ်မှုမှာ ရန်ပယ်ဆည်ရေသောက်စနစ်ဖြင့် ဧက(၈၀၀)ကျော်၊ ငမင်ဆည်ရေသောက်စနစ်ဖြင့် ဧက(၁၀၀)ကျော်၊ စုစုပေါင်းဧက(၉၀၀)ကျော် လျာထားဧကထက် ကျော် လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရှိရပါသည်။

DOCA(မကွေး)