Main menu

ပန်းတနော်မြို့နယ် အတွက် ကုမ္ပဏီများမှ စားအုန်းဆီခွဲတမ်း ရရှိမှုကို စနစ်တကျ ထုတ်ယူ၍ သတ်မှတ်ချက်များအတိုင်း အများပြည်သူကို ရောင်းချပေးလျှက်ရှိ

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွက် ရရှိသော ဆီပေပါခွဲတမ်းများကို ဧပြီလ တစ်လအတွင်း စားအုန်းဆီခွဲတမ်းရရှိမှုအပေါ် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနများမှ ကြပ်မတ်စိစစ် ဆောင်ရွက်ပေးလျှက်ရှိသည်။

      ဆီပေပါခွဲတမ်းကို ကုမ္ပဏီ(၃)ခုဖြစ်သော Central Myanmar International Trading ၊ Myanmar Top Notch၊ Resources Group Trading တို့မှ ပန်းတနော်မြို့နယ်အနေဖြင့် တစ်နေ့လျှင် ဆီပေပါ ၃၄ ပေးပါထုတ်ယူရရှိပြီး ဧပြီလ တွင် (၂၂)ရက်စာ ဆီပေပါအလုံးရေ ၇၅၁ ပေပါ ပိဿာအားဖြင့် (၈၂၆၁၀)ကို အချိန်နှင့် တပြေးညီ သတ်မှတ်သောနေရာတွင် စတစ်တကျ ထုတ်ယူပြီး မြို့နယ် ဆီရောင်းချသည့် ကိုယ်စားလှယ်များက စားသုံးသူပြည်သူ များအတွက်သတ်မှတ်ချက်များအတိုင်း ရည်ညွှန်းဈေးအပေါ် အမြတ် ၂ရာခိုင်နှုန်းဖြင့်သာ စနစ်တကျရောင်းချပေးလျှက်ရှိကြောင်း သိရသည်။

DOCA(ဧရာဝတီ)