သထုံခရိုင်အတွင်းရှိ မြို့နယ်များတွင် မေလ၏ ဒုတိယအပတ်တွင် စပါး၊ ဆန် ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။ သထုံခရိုင်အတွင်းမှ အခြားတိုင်းဒေသ ကြီးနှင့် အခြားခရိုင် မြို့နယ်များသို့ ဆန်စီးထွက်မှုနှုန်းမှာ မော်လမြိုင်ခရိုင်သို့ (၃၀၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၁၉၂၀) အိတ်ခန့်၊ စုစုပေါင်း(၄၉၂၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၃၄) တန်ခန့် စီးထွက်ခဲ့ပြီး ယခင်ပထမအပတ်နှင့် နှိုင်းယှဉ်ပါက ပို၍ စီးထွက်ခဲ့ပါသည်။
သထုံခရိုင်အတွင်းသို့ မေလ၏ ပထမအပတ်တွင် ဆန်စီးဝင်မှုနှုန်းမှာ ရန်ကုန်တိုင်း ဒေသကြီး မှ (၃၀၀၀) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၁၇၀၀) အိတ်ခန့်၊ စုစုပေါင်း (၄၇၀၀) အိတ်ခန့် တန်ချိန်အားဖြင့် (၂၂၀) တန်ခန့်စီးဝင်ခဲ့ပြီး၊ မေလ၏ ဒုတိယအပတ်တွင် ရန်ကုန်တိုင်းဒေသကြီးမှ (၂၀၀၀) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၃၀၀၀) အိတ်ခန့်၊ စုစုပေါင်း (၅၀၀၀) အိတ်ခန့် တန်ချိန်အားဖြင့် (၂၄၁) တန်ခန့်စီးဝင်ခဲ့ပြီး သထုံခရိုင်အတွင်းသို့ ဆန်စီးဝင်မှုနှုန်းမှာ ပထမအပတ်နှင့် နှိုင်းယှဉ်ပါက အနည်းငယ်ပို၍ စီးဝင်ခဲ့ပါသည်။
သထုံခရိုင်အတွင်း၌ မေလ၏ ဒုတိယအပတ်တွင် စပါး၊ ဆန်ဈေးနှုန်းများမှာ စပါးတင်း (၁၀၀) လျှင် ဒေသပေါက်ဈေး ကျားပျံဟိုတယ် (၂၈၀၀၀၀၀)ခန့်၊ ပေါ်ဆန်းဝါ (၂၆၀၀၀၀၀) ခန့်၊ ကမာကြည် (၂၁၀၀၀၀၀)ခန့်၊ ဧည့်မထ (၁၇၀၀၀၀၀)ခန့်နှင့် (၂၄)ပြည်ဝင် ဆန်တစ်အိတ်လျှင် ကျားပျံဟိုတယ် (၁၁၀၀၀၀)ခန့်၊ ပေါ်ဆန်းဝါ (၁၀၂၀၀၀) ခန့်၊ ကမာကြည် (၈၅၀၀၀)ခန့်၊ ဧည့်မထ (၇၀၀၀၀)ခန့်ရှိပြီး ယခုအပတ်တွင် စပါး၊ ဆန်ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မွန်)