
ဗီတာမင်ဘီ (B) နှင့် စီ (C) အုပ်စု ပါဝင်သောကြောင့် ကိုယ်ခံစွမ်းအား မြင့်တက် စေနိုင်ပါသည်။ အမျှင်ဓာတ်များ ပါဝင်သောကြောင့် အစာခြေစနစ်ကို ကောင်းစွာ အထောက်အကူပြု ပေးပါသည်။ မြန်မာ့ဆေးကျမ်း ဖြစ်သောဓာတု ရသကျမ်းတွင် ပဲစင်းငုံကြီးသည် သလိပ်၊ သဲခြေနာကို ကျေဖျက် နိုင်သောကြောင့် ဆေးအဖြစ် စားသုံးပေး နိုင်ပါသည်။ လည်ချောင်းနာခြင်းနှင့်ဝမ်းသွားခြင်းများ အတွက် လည်းအသုံးပြုကြပါသည်။ ဖိလစ်ပိုင်နိုင်ငံတွင် ပဲစင်းငုံ၏အရွက်ဖြင့် ဝမ်းလျောရောဂါ၊ ချောင်းဆိုးရောဂါ နှင့် ရင်ခေါင်းပိုင်း နာကျင်ခြင်းတို့အတွက် အသုံးပြုကြသည်။
ပဲစင်းငုံပင်၏ အမြစ်များကို ရှေးအခါမှ ယခုတိုင်တရုတ်တိုင်းရင်းဆေးတွင်စိတ်ငြိမ်ဆေး ဖော်စပ်ရာမှာအဓိကအသုံးပြုကြသည်။ အသားဓာတ်ပရိုတင်းဓာတ်အတွက် ပဲစင်းငုံကို နေ့တိုင်းစား သုံးပေး နိုင်ပြီးအခြားပဲများ ကဲ့သို့ပင် ပဲစင်းငုံသည် ပရိုတင်းဓာတ်ပြည့်ဝစွာပါဝင်သောကြောင့် စားသုံးသူ များအတွက် ဆဲလ်များ၊ တစ်သျှူးများ၊ ကြွက်သားများနှင့် အရိုးများဖွံဖြိုးမှု အတွက်ကောင်းစွာ တည်ဆောက်စေကာ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေပါသည်။ ခန္ဓာကိုယ်ဆဲလ်အသစ်များကို တည်ဆောက် ရာတွင် အထူးအထောက်အပံ့ ပေးနိုင်သည်။ ပဲစင်းငုံတစ်ခွက် စားနိုင်လျှင်နေ့စဉ် အသားဓာတ် ၁၁ ဂရမ်ကိုရှိမည်။ ထို့ပြင် ဖောလိတ် ဓာတ် ကြွယ်ဝခြင်းကြောင့် သွေးအားနည်း ရောဂါမဖြစ်စေနိုင်ပါ။
ပြည်ပဲဈေးကွက်သို့ ဆောင်းပဲသီးနှံမျိုးစုံဝင်ရောက်လျက်ရှိရာ ပဲတီစိမ်း၊ မတ်ပဲအပြင် ပဲစင်းငုံအသစ်များလည်း ဝင်ရောက်လာပြီဖြစ်ပါသည်။ ကာလပေါက်ဈေးအရ ပဲစင်းငုံအသစ်ဈေးနှုန်းမှာ တစ်တင်းလျှင် ၁၀၉၀၀၀ကျပ်/ ၁၁၀၀၀၀ကျပ်ဖြင့် ပဲသစ်ဈေး ကို ဈေးအမြင့်ဖြင့် ဝယ်ယူနေကြပြီး ယခင်နှစ် နှစ်ကုန်ပိုင်းတွင် ပဲဟောင်းဈေးမှာ တစ်တင်းလျှင် ကျပ်(၁)သိန်းအကြားဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပါသည်။ နှစ်ဆန်းပိုင်းမှစ၍ ပဲသစ်များမှာ တစ်နေ့ထက် တစ်နေ့အဝင်ပိုများလာပြီး ဈေးနှုန်းလည်း ပဲဟောင်းသီးနှံဈေးထက် မြင့်တက်လာခဲ့ကြပါသည်။ ပဲစင်းငုံ သီးနှံသည် ပဲအစိုတောင့်ကတည်းက ဈေးကွက်၌ တစ်ပိဿာလျှင် ၆၀၀၀ ကျပ်ဖြင့်ခူးဆွတ်ရောင်းချမှုများရှိခဲ့သည့်အပြင် ပဲစင်းငုံအစည်း လေးများ ပြုလုပ်ကာ ပြုတ်၍ ရောင်းချမှုများလည်း ရှိခဲ့ကြကြောင်း သိရှိခဲ့ရပါသည်။
DOCA(ရှမ်း)