Main menu

မွေးမြူရေးကြက်သားဈေးကွက်အခြေအနေ

Powered by Drupal

            မွေးမြူရေးကြက်သားလုပ်ငန်းသည် မြန်မာနိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပြီး အစားအစာဖူလုံရေး တိုးတက်မှုအတွက် အထောက်အကူပြုလျက်ရှိပါသည်။ မွေးမြူရေးကြက်(ခေါ်)အသားတိုးကြက်သည် အမြန်ကြီးထွားပြီး ၄၅-၆၀ ရက်အတွင်း ဈေးကွက်တွင်ရောင်းချလျက်ရှိသည်။

            မြင်းခြံမြို့နယ် အေးမြသီတာဈေးတွင် ရောင်းချနေသော မွေးမြူရေးကြက်တစ်ပိဿာလျှင် အ ကောင်လိုက်ဈေး (၁၈၅၀၀) ကျပ်၊ အသားသီးသန့်(အရိုးလွတ်) တစ်ပိဿာလျှင် (၃၀၀၀၀) ကျပ်၊ ရင် အုပ်တစ်ပိဿာလျှင် (၂၂၀၀၀) ကျပ်၊ ပေါင်သားတစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်၊ အရိုးစတစ်ပိ ဿာလျှင် (၁၃၂၀၀) ကျပ်၊ ကြက်ခြေထောက် တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်ဈေးများဖြင့် အသီးသီး ရောင်းဝယ်လျက်ရှိသည်။ စားသုံးသူများအတွက် ကျန်းမာသောကြက်သားသည် လူသားများအတွက် အာဟာရပြည့်ဝပြီး ဘေးကင်းသော အစားအစာဖြစ်ကြောင်း ပရိုတင်းနှင့်ဗီတာမင်သတ္တုဓာတ်များ ပါဝင်သောကြက်သားကို စားသုံးခြင်းဖြင့် ကျန်းမာသန်စွမ်းစေသည်။

DOCA(မန္တလေး)