Main menu

၂၀၂၅ ခုနှစ်အတွက် လျာထားချက်ပြည့်မီအောင် ဆန်တင်ပို့နိုင်ရန် ထိုင်းအစိုးရ မျှော်မှန်း

Powered by Drupal

   ထိုင်းနိုင်ငံအနေဖြင့် ပထမသုံးလပတ်အတွင်း ဆန်တင်ပို့မှု သိသာစွာကျဆင်းခဲ့သော်လည်း အမေရိကန်ပြည်ထောင်စုသို့ ဆန်တိုးမြှင့်ရောင်းချလျက်ရှိနေခြင်းကြောင့် ယခုနှစ်တွင် ဆန်ပို့ကုန် လျာထားချက် တန်ချိန် ၇.၅ သန်းကို ပြည့်မီနိုင်မည်ဟု မျှော်မှန်းထားကြောင်း ထိုင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မေလ ၆ ရက်နေ့တွင်ပြောကြားခဲ့ပါသည်။

   တရုတ်နိုင်ငံအပါအဝင် အခြားနိုင်ငံများသို့ အစိုးရချင်းညှိနှိုင်းမှု (G-to-G) စနစ်ဖြင့် ဆန်များ တင်ပို့ရောင်းချနိုင်ရေး ဆက်လက်ကြိုးပမ်းမည်ဖြစ်ပြီး၊ အာဖရိကဈေးကွက်သို့ ဆန်တင်ပို့မှုကို တိုးမြှင့်ဆောင်ရွက်သွားမည်ဟု ထိုင်းပြည်ပကုန်သွယ်ရေးဦးစီးဌာန၏ အကြီးအကဲဖြစ်သူ Ms Arada Fuangtong က သတင်းထောက်များအား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါဦးစီးဌာန အနေဖြင့် ဆန်တန်ချိန် ၇.၅ သန်း တင်ပို့ရန်လျာထားချက်ကို ပြန်လည် ပြင်ဆင်ခြင်း မရှိကြောင်း၊ ထိုင်းစံပယ်ဆန်မွှေး (Jasmine rice) ၏ အကြီးဆုံး ဈေးကွက်တစ်ခု ဖြစ်သည့် အမေရိကန်ပြည်ထောင်စုသို့ အကောက်ခွန်နှုန်းထားအသစ် စည်းကြပ်ခြင်းမပြုမီ ကာလအတွင်း တိုးမြှင့်လျက်ရှိကြောင်း၊ အိန္ဒိယနိုင်ငံ၏နောက်၌ ကမ္ဘာ့ဒုတိယအကြီးဆုံး ဆန်တင်ပို့သည့် ထိုင်းနိုင်ငံအနေဖြင့် ၂၀၂၅ ခုနှစ် ပထမသုံးလပတ်တွင် ပြည်ပသို့ဆန်တင်ပို့မှုမှာ ၃၀ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

Source: Bangkok Post, 6 May 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

a