
ဆီထွက်သီးနှံမြေပဲ၊ နှမ်းနှင့်နေကြာသီးနှံများအား မကွေးတိုင်းဒေသကြီး၊စစ်ကိုင်းတိုင်း ဒေသကြီးနှင့်မန္တလေးတိုင်းဒေသကြီးတို့တွင်အများအပြားစိုက်ပျိုးလျက်ရှိပါသည်။ ပြည်တွင်း စားဆီ ကြိတ်ခွဲရာတွင် အဓိကအသုံးပြုသည့် မြေပဲနှင့်နှမ်းသီးနှံမှာ ပြည်တွင်းစားသုံးခြင်းနှင့်ပြည်ပသို့ တင်ပို့သည့်သီးနှံအမယ်များဖြစ်ပြီး၊ နေကြာသီးနှံမှာ ပြည်တွင်းစားဆီအဖြစ်ကြိတ်ခွဲကြောင်း သိရပါတယ်။ မြေပဲ၊နှမ်း၊နေကြာသီးနှံများအား စားဆီကြိတ်ခွဲပြီးထွက်ရှိလာသည့် မြေပဲဖတ်၊နှမ်းဖတ်နှင့်နေကြာ ဖတ်များကိုတိရိစ္ဆာန်အစာအဖြစ်အသုံးပြုလျက်ရှိပါသည်။ မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များမဟာ ကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ်မေလပထမပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့်စားဆီတစ်ပိဿာ ပေါက်စျေးများမှာ မြေပဲဆီ ၁၅၅၀ဝိ/-နှင့် ၁၆၅၀ဝိ/-၊နှမ်းဆီ ၁၄၀၀ဝိ/-နှင့် ၁၄၅၀ဝိ/-စျေးနှင့် ပဲဖတ် တစ်ပိဿာပေါက်စျေးများအနေဖြင့် မြေပဲဖတ် ၄၁၀ဝိ/- နှင့် ၄၂၀ဝိ/-၊ နှမ်းဖတ် ၄၀၀ဝိ/-နှင့် ၄၁၀ဝိ/-၊ နေကြာဖတ် ၂၀၀ဝိ/-နှင့် မုန်ညင်းဖတ် ၂၅၀ဝိ/-နှင့် ၂၆၀ဝိ/-၊ ပန်နှမ်း ဖတ်၂၅၀ဝိ/-နှင့် ၂၆၀ဝိ/-စျေးအသီးသီးဖြစ်ပေါ်လျက်ရှိပြီး၊ရက်အလိုက်အနည်းငယ်ပြောင်းလဲမှုရှိကြောင်း သိရပါသည်။ စားသုံးဆီအဖြစ် ကြိတ်ခွဲခြင်းဖြင့် ပြည်တွင်းစားသုံးဆီ ဖူလုံစေခြင်း၊ ဆီကြိတ်ခွဲရာမှ ထွက်ရှိသည့်ပဲဖတ်၊ နှမ်းဖတ်၊နေကြာဖတ်များမှာ မွေးမြူရေးလုပ်ငန်းများတွင် တိရိစ္ဆာန်အစာအဖြစ် အသုံးပြုမှုများခြင်း တို့ကြောင့် အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)