Main menu

အရောင်းသွက်သည့်သုံးရာသီသရက်

Powered by Drupal

            သရက်သီးစိုက်ပျိုးမှုအနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်တို့တွင်    အများအပြားစိုက်ပျိုးပြီး၊ ကျန်ဒေသများတွင်လည်း စိုက်ပျိုးသည့်နှစ်ရှည်သီးနှံ တစ်မျိုးဖြစ်ပါသည်။ သရက်သီးအမှည့်များထွက်ပေါ်သည့်အချိန်ဖြစ်သော်လည်း သရက်သီးအစိမ်းများအားသရေစာအဖြစ်စားသုံးမှုများပြားကြောင်း သိရပါသည်။ မန္တလေးစျေးကွက်အတွင်း တွေ့ရှိရသည့် သရက်သီးအစိမ်းများမှာ  စိန်တစ်လုံး၊မြကျောက်၊ ရွှေဟင်္သာ၊ အောင်ဒင်၊ ရင်ကွဲ၊ ပန်းဆွဲ၊ မချစ်စု၊စိမ်းစားသီးနှင့်သုံးရာသီသရက်များဖြစ်ကြောင်း သိရပါသည်။ မန္တလေးစျေးကွက်တွင် သရက်သီးအစိမ်းအမျိုးမျိုးဝင်ရောက်သော်လည်း သုံးရာသီသရက်သီးစိမ်းနှင့်စိမ်းစားသီးသရက်တို့ မှာ စားသုံးသူကြိုက်နှစ်သက်သည့်အတွက်အရောင်းသွက်လျက်ရှိကြောင်းသိရပါသည်။ ၂၀၂၅ ခုနှစ် မေလပထမပတ်အတွင်း မန္တလေးမြို့  ၄၁ လမ်းစျေး(ကမ်းနားလမ်းစျေး)  ကုန်စိမ်းစျေးကွက်တွင်  သရက်သီးအစိမ်း (သုံးရာသီ သရက်သီး) အား အလေးချိန်ဖြင့် ရောင်းချလျက်ရှိပြီး၊ တစ်ပိဿာလျှင် လက္ကားစျေး ၆၀၀၀ ကျပ်နှင့် ၇၀၀၀ ကျပ်၊ လက်လီစျေး ၈၀၀၀ ကျပ်နှင့် ၈၅၀၀ ကျပ်၊ စိမ်းစားသီး သရက်မှာ (၁၀)လုံးလျှင် လက္ကားစျေး ၄၀၀၀ ကျပ်နှင့် ၄၅၀၀ ကျပ်စျေး၊ လက်လီစျေး ၅၀၀၀ ကျပ်နှင့် ၆၀၀၀ ကျပ်စျေး၊ သရက်ချဉ်(အိုးသိပ် ချဉ် အဟောင်း) တစ်ပိဿာလျင် ၅၀၀၀ကျပ်နှင့်၆၀၀၀ကျပ်၊ (အိုးသိပ်ချဉ်အသစ်)တစ်ပိဿာလျင် ၇၀၀၀ ကျပ်နှင့်၈၀၀၀ကျပ်၊သရက်သီးသနပ်(ကုလားတည်ချဉ်) တစ်ပိဿာလျင်  ၈၀၀၀ ကျပ်နှင့် ၁၀၀၀၀ ကျပ်နှင့် အသီးအရွယ်အစားအလိုက် သရက်ကင်း (အသီး လုံးသေး) ၁၀လုံးလျှင်  ၁၅၀၀ကျပ်နှင့် ၂၀၀၀ကျပ်စျေးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)