
ဂျပန်လက်လီအရောင်းဆိုင်လုပ်ငန်းများဖြစ်သည့် Aeon နှင့် Sumitomo တို့သည် ဗီယက်နမ် ရှိ ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများအား တိုးချဲ့ရန် စီစဉ်နေကြောင်း Nikkei Asia ၏ မေလ ၅ ရက် နေ့က ဖော်ပြခဲ့ပါသည်။ ဂျပန်၏အကြီးမားဆုံး လက်လီအရောင်းဆိုင် လုပ်ငန်းဖြစ်သည့် Aeon သည် ဟိုက်ပါမားကတ်အရေအတွက်နှင့် အထွေထွေကုန်စုံစတိုးကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် အရည် အတွက် ၁၂ ခုမှ ၂၀၃၀ ခုနှစ်တွင် ၁၀၀ ထိ တိုးချဲ့မည်ဟု သိရပါသည်။ ဗီယက်နမ်တွင် စူပါမားကတ် ဖွင့်လှစ်ထားခြင်းမရှိသည့် အခြားဂျပန် လုပ်ငန်းဖြစ်သည့် Sumitomo သည်လည်း တစ်နှစ်လျှင် စတိုးဆိုင် ၁၀ ဆိုင် ဖွင့်လှစ်သွားရန် ရည်ရွယ်ထားကြောင်း သိရပါသည်။ လူဦးရေသန်း ၁၀၀ ကျော် နှင့် ငယ်ရွယ်သောလူဦးရေများပြားခြင်းနှင့်အတူ ဗီယက်နမ်၏ စားသုံးသူဈေးကွက်သည် အရှေ့တောင်အာရှတွင် အားကောင်းစွာကြီးထွားလာရန် မျှော်မှန်းရပြီး များစွာသော နိုင်ငံခြား ကုမ္ပဏီများသည်လည်း ဗီယက်နမ်တွင် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို တည်ထောင်လျှက် ရှိကြောင်း သိရပါသည်။
Reference; Vietnam Plus
DOCA(ရန်ကုန်)