Main menu

မြိတ်မြို့အတွင်း ဖြစ်ပေါ်နေသောကြက်ဥစျေးနှုန်းစျေးကွက်

Powered by Drupal

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်တွင် တစ်နိုင်တစ်ပိုင် စီးပွားဖြစ်ကြက်ဥမွေးမြူလုပ်ကိုင်ကြ သော်လည်းဒေသတွင်းလုံလောက်မှုမရှိခြင်းကြောင့် ရန်ကုန်နှင့် မန္တလေးတိုင်းတို့မှ မှာယူလျက် ရှိပါသည်။ ၂၀၂၅ခုနှစ်၊ ဧပြီလအတွင်း ကားလမ်းများပိတ်ခြင်းနှင့် လမ်းခရီးအခက်အခဲများ ကြောင့်ကြက်ဥစျေးနှုန်း အနည်းငယ်မြှင့်တက်လာ‌ကြောင်း သိရှိရပါသည်။ ယခင်မြိတ်မြို့တွင် အကြီးဆုံးကြက်ဥထုတ်လုပ်သည့် ထူးထူးတိုးကုမ္ပဏီသည် ကြက်စာစျေးနှုန်းကြီးမှုများနှင့် အခြား သောစရိတ်စကကြီးမြှင့်မှုတို့ကြောင့် လုပ်ငန်းရပ်နားထားကြောင်းသိရှိရပါသည်။

မြိတ်ခရိုင်တွင် ယခင်(ဇန်နဝါရီ)လများတွင် ကြက်ဥတစ်လုံးစျေးနှုန်းမှာ ၄၀၀ကျပ်ခန့်ရှိပြီး ယခု မေလအတွင်းတွင် ကြက်ဥတစ်လုံးစျေးနှုန်းမှာ ၆၀၀ကျပ်ခန့်အထိစျေးမြှင့်သွားကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)