Main menu

မြိတ်ဒေသထွက်ကုန် သဘာဝငှက်သိုက်စျေးနှုန်း

Powered by Drupal

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်သည် ငှက်သိုက်ထွက်ရှိပြီး ရန်ကုန်နှင့် အခြားတိုင်း/ ပြည်နယ်များသို့ရောင်းချလျက်ရှိသည်။ ကျန်းမာရေးဖြည့်စွတ်စာဖြစ်သလို အင်အားတိုးစေခြင်း၊ အသားအရေကို နုပျိုစေခြင်းစသော ကောင်းကျိုးများစွာရှိ‌သော သဘာဝထွက်ကုန်တစ်ခုဖြစ်သည်။ ကျန်းမာရေးအတွက်အကျိုးများသောကြောင့် အခြားတိုင်းဒေသများသို့တင်ပို့ရာတွင် သန့်စင်ပြီးငှက်သိုက်အချော၊ အကြမ်း၊ ပေါင်းရည်စသဖြင့် အမျိုးအမျိုးတင်ပို့ရောင်းချလျက်ရှိပါသည်။

၂၀၂၅ခုနှစ်၊ မေလ(၇)ရက်နေ့အရ ငှက်သိုက် အကြမ်းတစ်ကျပ်သား ၄၀၀၀၀ကျပ်ခန့်ရှိပြီး ငှက်သိုက်အချော သန့်စင်ပြီး တစ်ကျပ်သားလျှင် ၆၂၀၀၀ကျပ်နှင့် ငှက်သိုက် (၃၀၀)ml ပေါင်းရည် တစ်ဗူးလျှင် ၁၅၀၀၀ ကျပ်ခန့်ရှိကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)