
မန္တလေးပဲမျိုးစုံစျေးကွက်သို့ ဝင်ရောက်လျက်ရှိသည့် ပဲယဉ်းသီးနှံမှာ ပြည်တွင်း စားသုံးမှုနှင့် ပြည်ပသို့တင်ပို့ရောင်းချသည့်စျေးကွက်ဝင်ပဲအမျိုးအစားဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီးသည် ပဲသီးနှံမျိုးစုံစိုက်ပျိုးမှုများပြားသည့် တိုင်းတစ်ခုဖြစ်ပြီး၊ ၂၀၂၄-၂၀၂၅ခုနှစ် ပဲယင်းသီးနှံအပါအဝင် ပဲမျိုးစုံစိုက်ပျိုးမှုမှာ (၁၀၁၉၄၇၇)ဧက ဖြစ်ကြောင်း သိရပါတယ်။ မန္တလေးစျေးကွက် သို့ မန္တလေးတိုင်းဒေသကြီး၊စစ်ကိုင်းတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်တို့မှထွက်သည့် ပဲယဉ်းသီးနှံများ ဝင်ရောက်ကြောင်း သိရပါတယ်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ် မတ်လပထမပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော ပေါက်စျေးမှာ ၃တင်းဝင် တစ်အိတ်လျှင် ပဲယင်း(ကြီး/လတ်)(သစ်) ၂၂၀၀၀၀ ကျပ်နှင့် ၂၂၅၀၀၀ ကျပ်၊ ပဲယင်း(သေး)(သစ်) ၂၂၀၀၀၀ ကျပ်နှင့် ၂၂၅၀၀၀ ကျပ်၊ ပဲယင်း(နီ) ၂၅၅၀၀၀ ကျပ်၊ တစ်ပိဿာ စျေးမှာ ပဲယင်း(ကြီး/လတ်)(သစ်) ၃၆၆၇ ကျပ်နှင့် ၃၇၅၀ ကျပ်၊ ပဲယင်း(သေး)(သစ်) ၃၆၆၇ ကျပ်နှင့် ၃၇၅၀ ကျပ်၊ ပဲယင်း(နီ) ၄၂၅၀ ကျပ်တို့ဖြစ်ပြီး၊ ယခင်နှစ်ကာလတူစျေးမှာ ၃တင်းဝင် တစ်အိတ်လျှင် ပဲယင်း(ကြီး)(သစ်) ၁၃၀၀၀၀ ကျပ်နှင့် ၁၃၃၀၀၀ ကျပ်၊ တစ်ပိဿာစျေးမှာ ပဲယင်း (ကြီး)၂၁၆၇ကျပ် နှင့် ၂၂၁၇ ကျပ် ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။ ယခုနှစ်စျေးနှင့် ယခင်နှစ် စျေးနှိုင်းယှဉ်ပါက ပဲယင်းတစ်ပိဿာလျှင် ၁၅၃၃ ကျပ်စျေးပိုမိုရရှိကြောင်း သိရပါတယ်။ စျေးကွက်အတွင်း ပဲယင်းဝင်ရောက်မှု ပမာဏပေါ်မူတည်၍ ရက်အလိုက်ပေါက်စျေးအနည်းငယ်ပြောင်းလဲမှုရှိကြောင်း သိရပါတယ်။
DOCA(မန္တလေး)