Main menu

ကင်းပုံသီးစျေးကွက်

Powered by Drupal

    ကုန်စိမ်းစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီး၊စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် ဒေသထွက်ကုန်စိမ်းသီးနှံများ ဝင်ရောက်မှုများပြားကြောင်း သိရပါတယ်။  ကင်းပုံသီးမှာ အချိုမျိုးနှင့် အခါးမျိုးနှစ်မျိုးရှိပြီး၊အချိုမျိုးသည် အသီးနှင့်အရွက် နှစ်မျိုးစလုံးစားသုံးနိုင်ကြောင်း  သိရပါတယ်။ ကင်းပုံသီးအခါးသီးမှာ ဆေးဖက်ဝင်ကြောင်း ပြီး၊ (၁၂)လ  ရာသီနီးပါးထွက်ရှိသည့်အစား အစာဖြစ်ကြောင်း   သိရပါတယ်။   ၂၀၂၅ခုနှစ် မေလပထမပတ်အတွင်း  ကုန်စိမ်းစျေးကွက်တွင် ကင်းပုံသီးအချိုသီး (၂၅) လုံးလျှင် ၂၀၀၀ကျပ် နှင့် ၂၅၀၀ ကျပ်၊ အခါးသီး (၂၅)လုံးလျှင် ၁၅၀၀ကျပ် နှင့် ၁၈၀၀ ကျပ်၊ အခါးမျိုး(အလုံးသေး) စျေးမှာ တစ်ပိဿာလျှင်၁၈၀၀ကျပ်နှင့် ၂၀၀၀ ကျပ်အသီးသီး ဖြစ်ပေါ်လျက်ရှိပါတယ်။ ကင်းပုံသီးမှာ အလုံးအရွယ်အစားအလိုက် စျေးအနည်းငယ်ကွာခြား မှုရှိပြီး၊ အရောင်းသွက်လျက်ရှိသည့်အမယ်ဖြစ်ကြောင်း သီးနှံပွဲရုံကုန်သည်တစ်ဦး၏ပြောပြချက်အရ သိရပါတယ်။ 

DOCA(မန္တလေး)