Main menu

အရောင်းသွက်သည့်ပန်းဂေါ်ဖီ

Powered by Drupal

       မန္တလေးစျေးကွက်အတွင်းသို့ ကုန်စိမ်းသီးနှံမျိုးစုံအများအပြား ဝင်ရောက်လျက်ရှိပြီး၊ ပန်းဂေါ်ဖီပွင့်မှာ ဝင်ရောက်မှုများသည့် ကုန်စိမ်းအမယ်တစ်မျိုးဖြစ်ကြောင်း သိရပါတယ်။ မန္တလေး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့်ရှမ်းပြည်နယ် တောင်ပိုင်းဒေသများမှ ထွက်ရှိသည့် ပန်းဂေါ်ဖီပွင့်ဖြူနှင့်ပန်းဂေါ်ဖီပွင့်စိမ်းများမှာ မန္တလေးကုန်စိမ်းစျေးကွက်သို့ ဝင်ရောက်မှုများ ကြောင်း သိရပါတယ်။ ပန်းဂေါ်ဖီဖြူနှင့် ပန်းဂေါ်ဖီစိမ်းသည် အဟာရဓါတ်ပါဝင်မှု ကွာခြားမှုမရှိဘဲ ကယ်လ်လိုရီနည်းသည့် ဟင်းသီးဟင်းရွက်အမယ်တစ်မျိုးဖြစ်ပြီး၊ အမျှင်ဓါတ်၊သတ္တုဓါတ်၊ ဗီတာမင် များနှင့်Antioxidants များ ကြွယ်ဝခြင်းတို့ကြောင့် ကျန်းမာရေးအတွက် အကျိုးပြုသော ဟင်းသီးဟင်းရွက်အမယ်တစ်မျိုးဖြစ်ပါတယ်။ ပန်းဂေါ်ဖီပွင့်စိမ်းမှာ မန္တလေး ကုန်စိမ်းစျေးကွက်အတွင်း ၂၀၂၅ခုနှစ် မေလပထမပတ်တွင် လက္ကားစျေးတစ်ခုလျှင် ၁၈၀ဝိ/-နှင့် ၁၉၀ဝိ/-စျေး၊ လက်လီစျေး တစ်ခုလျှင် ၂၀၀ဝိ/-နှင့် ၂၂၀ဝိ/-စျေးတို့ဖြင့် ရောင်းချကြောင်း သိရပါတယ်။ ပန်းဂေါ်ဖီပွင့်စိမ်းများမှာ အရွယ်အစားအလိုက် စျေးအနည်းငယ် ကွာခြားမှုများရှိပြီး၊အရောင်းသွက်လျက်ရှိသည့် ဟင်းသီးဟင်းရွက်အမယ် တစ်မျိုးဖြစ်ကြောင်း သိရပါတယ်။ မန္တလေးကုန်စိမ်းရောင်းချသည့် သီရိမာလာစျေး(ပိုက်ကျုံးစျေး)တွင် ပန်း‌ဂေါ်ဖီဖြူနှင့် ပန်းဂေါ်ဖီစိမ်း ဝင်ရောက်မှုမှာ တစ်ရက် လျှင် Canter () ဘီးကား (၈)စီးနှင့် (၁၀)စီး အကြား ဝင်ရောက်ကြောင်း သိရပါတယ်။

DOCA(မန္တလေး)