Main menu

အရောင်းသွက်သည့်စပျစ်သီးစျေးကွက်

Powered by Drupal

      မန္တလေးသစ်သီးစျေးကွက်သို့   မေလပထမပတ်အတွင်း စပျစ်သီးဝင်‌ရောက်မှုများပြားပြီး  အရောင်းသွက်လျက်ရှိကြောင်း သိရပါတယ်။   မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်မှ ထွက်ရှိသည့် စပျစ်သီးဝင်ရောက်မှုများပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးမှလည်း  ဝင်ရောက်ကြောင်း သိရပါတယ်။ ရမည်းသင်းခရိုင်တွင် စားစပျစ်နှင့်ဝိုင်စပျစ်(၂) မျိုးလုံး စိုက်ပျိုးလျက်ရှိပြီး၊ အီတလီ No(3)BQBKRG စပျစ်မျိုးများ၊ရိုးရိုးအချွန်၊ ပန်း‌ရောင်အချွန်မျိုးနှင့် ဂျပန်(စိမ်း)တို့ စိုက်ပျိုးကြောင်း  သိရပါတယ်။ သစ်သီးဝင်ရောက်မှုအနေဖြင့် ဒေသအသီးသီးမှ ဝင်ရောက်လာသည့်သစ်သီးများအား မန္တလေးမြို့၊စျေးချို စျေး၊ ၂၉ လမ်းနှင့် ၃၁လမ်းကြား၊ ၈၄လမ်းနေရာရှိ သစ်သီးပွဲရုံများသို့ ဝင်ရောက်ကြောင်း သိရပါတယ်။ မန္တလေးစျေးကွက်တွင် ၂၀၂၅ ခုနှစ်မေလပထမပတ်အတွင်း စပျစ်သီး‌စျေး မှာ တစ်ပိဿာလျှင် စပျစ်သီးအလုံးဝိုင်း (ကြီး) ၁၀၀၀၀ကျပ်နှင့် ၁၂၀၀၀ကျပ်၊စပျစ်သီး အချွန်မျိုး ၁၀၀၀ဝ ကျပ်နှင့်၁၁၀၀၀ ကျပ်၊စပျစ်သီး (လုံးသေး) ၈၀၀၀ကျပ် နှင့် ၉၀၀၀ ကျပ်စျေးဖြစ်ပြီး၊ အသီး အရွယ်အစားအလိုက်စျေးအနည်းငယ်ကွာခြားမှုရှိကြောင်း သိရပါတယ်။

DOCA(မန္တလေး)