
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ အသိပညာပေးဟောပြော ခြင်းများ စဉ်ဆက်မပြတ်ပြုလုပ်ဆောင်ရွက်လျှက်ရှိပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေး တိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၈-၅-၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ၁၂၄လမ်း၊ ၆၀×၆၁ လမ်းကြား၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ (JMGC Co.,Ltd) စာကလေးမုန့်တိုက်နှင့် အမှတ် (၇-၁၅)၊ တတ-၁၂၊ ဘုရင့်နောင်လမ်း၊ စလုံးရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ(ဇလပ်ဝါဘီစကစ်) စက်ရုံတို့မှ အလုပ်သမား(၁၀၀)ဦးခန့်အား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း များ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
ဟောပြောပွဲတွင် စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးပါက တိုင်ကြားနိုင်သည့် နယ်ပယ်များအကြောင်း ပြောကြားခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)