
မန္တလေးမြို့တွင်းသို့ ကျောက်ဆည်၊ တံတားဦး၊ စဉ့်ကိုင်၊ ပလိပ်၊မြစ်သားမြို့နယ်များမှ ထွက်ရှိသည့် စိန်တလုံးသရက်သီးများ ဝင်ရောက်မှုရှိသကဲ့သို့ ပုသိမ်ကြီးနှင့် မတ္တရာမြို့နယ်များမှ လည်း စိန်တလုံးသရက်သီးများ ယခုရက်ပိုင်းအတွင်း လှိုင်လှိုင်ဝင်ရောက်လျက်ရှိပါသည်။ မိုးဖြိုင်ဖြိုင်ရွာသွန်းပြီးနောက် သရက်သီးမှည့်များသည် အနံ့အရသာနှင့်ပြည့်စုံသည့် စိန်တလုံး သရက်မား စားသုံးမှုများသည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မန္တလေးမြို့တွင်းသို့ ဝင်ရောက်သည့် စိန်တလုံးသရက်သီးဈေးနှုန်းဈေးကွက်အနေနှင့် ကျောက်ဆည်နယ်ဘက်မှ ဝင်ရောက်သည့် စိန်တလုံးသရက်ထိပ်စလုံးကြီး ၁လုံးလျှင် ၁၅၀၀-၂၀၀၀ ကျပ်၊ လုံးလတ် ၁လုံး လျှင် ၈၀၀-၁၀၀၀ ကျပ်၊ လုံးသေး ၁လုံးလျှင် ၅၀၀-၇၀၀ ကျပ်ဈေးနှုန်းများနှင့် ရောင်းဝယ်မှုရှိပြီး ပုသိမ်ကြီးနှင့် မတ္တရာနယ်မှထွက်ရှိသည့် သရက်ဈေးကွက်အနေနှင့် ထိပ်စ ၁လုံးလျှင် ၁၀၀၀- ၁၂၀၀ ကျပ်၊ လုံးလတ် ၁လုံးလျှင် ၆၅၀-၇၀၀ ကျပ်၊ လုံးသေး ၁လုံးလျှင် ၅၀၀-၅၅၀ ကျပ်များနှင့် ရောင်းဝယ်မှုရှိပြီး စားသုံးသူများအနေနှင့် ကျောက်ဆည်နယ်ဘက်မှထွက်ရှိသည့် စိန်တလုံး သရက်ကို စားသုံးမှုများသော်လည်း ပုသိမ်ကြီးနှင့်မတ္တရာနယ်များမှထွက်ရှိသည့် သရက်များကိုလည်း ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)