Main menu

သံပုရာ၊ သံပုယိုသီးများဈေးကျသော်လည်းအရောင်းသွက်

Powered by Drupal

  ယခုရာသီတွင် သံပုရာသီးများလှိုင်လှိုင်ပေါ်ထွက်လျက်ရှိရာ မြင်းခြံမြို့ရှိ ဈေးများအတွင်းသို့ ဒေသအသီးသီးမှ သံပုရာသီးများဝင်ရောက်လျက်ရှိပါသည်။ သံပုရာသီးဈေးနှုန်းများအနေဖြင့် အလုံး အကြီးအသေးပေါ်မူတည်ပြီး (၂၅၀)ကျပ်မှ(၃၀၀)ကျပ်၊ သံပုယိုသီးမှာ(၁၀၀)ကျပ်မှ(၁၃၀)ကျပ်ထိ ရှိကြောင်း၊ သံပုရာသီးကို ဖျော်ရည်အဖြစ်သောက်သုံးကြသလို ဆေးဝါးဖော်စပ်မှုတွင်လည်းကောင်း၊ သံပုယိုသီးကို ယိုထိုး၍သော်လည်းကောင်း၊ အခြားစားသောက်ဖွယ်ရာများတွင်လည်းကောင်း ထည့်သွင်းစားသုံးကြသဖြင့် စားသုံးမှုများသော အသီးတစ်မျိုးဖြစ်ပါသည်။ သံပုရာ၊ သံပုယိုပင်သည် များသောအားဖြင့် နေရာဒေသမရွေးစိုက်ပျိုးနိုင်သောအပင်တစ်မျိုးဖြစ်ပြီး တစ်နိုင်တစ်ပိုင်စိုက်ပျိုး ကြသလို စီးပွားဖြစ်စိုက်ပျိုးမှုများလည်းရှိကြောင်း၊ ရေရရှိပါက တစ်နှစ်ပတ်လုံး အသီးသီးနိုင်ပြီး ယခင်ဧပြီလအတွင်း၌ သံပုရာတစ်လုံးလျှင်(၃၀၀)ကျပ်မှ(၃၅၀)ကျပ်များရှိခဲ့ပြီး ယခုမေလ ဒုတိယ ပတ်တွင် သံပုရာနှင့်သံပုယိုးသီးများ အနည်းငယ်ဈေးကျခဲ့ပြီး စားသုံးသူများ ပေါပေါများများ ဝယ်ယူ သုံးစွဲကြ၍ အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရသည်။

DOCA(မန္တလေး)