
မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/ သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။
မြင်းခြံမြို့ စက်သုံးဆီဆိုင်များတွင် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ယခုမေလဒုတိယပတ် စက်သုံးဆီဈေးနှုန်းများမှာ ဒီဇယ် ( ရိုးရိုး) တစ်လီတာလျှင် ( ၂၅၂၅)ကျပ်၊ ဒီဇယ် (ပရီမီယံ) တစ်လီတာလျှင် ( ၃၀၉၅ ) ကျပ်၊ ဓာတ်ဆီ (92 ) တစ်လီတာလျှင် (၂၉၃၅ )ကျပ် ၊ ဓာတ်ဆီ (95) တစ်လီတာလျှင် (၂၉၉၅) ကျပ် ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။
ယခင် မေလပထမပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဒီဇယ် (ရိုးရိုး) တစ်လီ တာလျှင် (၂၅၈၅)ကျပ်၊ ဒီဇယ် ( ပရီမီယံ) တစ်လီတာလျှင် (၃၁၆၅) ကျပ်၊ ဓာတ်ဆီ (92 ) တစ်လီ တာလျှင် ( ၂၉၉၅)ကျပ် ၊ဓာတ်ဆီ (95) တစ်လီတာလျှင် (၃၀၅၅)ကျပ် များဖြင့် ဖြစ်ပေါ်ရောင်းချခဲ့၍ ယခင်မေလ ပထမပတ်နှင့်နှိုင်းယှဉ်လျှင် ယခုမေလ ဒုတိယပတ်တွင် ဒီဇယ် (ရိုးရိုး) တစ်လီ တာလျှင် (၆၀)ကျပ်၊ ဒီဇယ် ( ပရီမီယံ) တစ်လီတာလျှင် (၇၀) ကျပ်၊ ဓာတ်ဆီ (92 ) တစ်လီ တာလျှင် (၆၀)ကျပ် ၊ဓာတ်ဆီ (95) တစ်လီတာလျှင် (၆၀)ကျပ် စသည်ဖြင့် အသီးသီးဈေးနှုန်းများကျဆင်းခဲ့ကြောင်း စက်သုံးဆီ အရောင်းဆိုင်များမှ သိရသည်။
DOCA(မန္တလေး)