Main menu

ပေါ်ဦးပေါ်ဖျား နာနတ်သီးဈေးကွက်

Powered by Drupal

            

မန္တလေးဈေးကွက်အတွင်းသို့ နာနတ်သီးများစတင်ဝင်ရောက်လာပြီဖြစ်ပါသည်။ နာနတ်သီး များကို ပြင်ဦးလွင်ဒေသနှင့် ရှမ်းပြည်နယ်ဘက်မှ အများဆုံးဝင်ရောက်လျှက်ရှိကြောင်း သိရှိရသည်။ နာနတ်သီးသည် ကဆုန်လဆန်းမှ စတင်ထွက်ပေါ်ပြီး ဝါဆိုလတွင် ဖြိုင်ဖြိုင်ထွက်ပေါ်လေ့ရှိပါသည်။ ယခုအခါ စတင်ထွက်ပေါ်ချိန်ဖြစ်၍ နာနတ်သီးဝင်ရောက်မှု အနည်းငယ်သာရှိသေးပြီး ဈေးကွက် ကောင်းလျှက်ရှိပါသည်။ နာနတ်သီးသည် အာဟာရဓာတ်များစွာပါဝင်သည့် အသီးတစ်မျိုး ဖြစ်ပါ သည်။ နာနတ်သီးများမှာ အများအားဖြင့် အခွံနွှာ၍ အသင့်စားသုံးနိုင်သည့် အသီးဖြစ်သည့်အပြင် နာနတ်သီးဖျော်ရည်၊ နာနတ်သီးယိုစသည့်ဖြင့် နှစ်သက်သည့်အတိုင်းစားသုံးကြပါသည်။ နာနတ်သီး တွင် ဗီတာမင်များစွာပါဝင်သည့်အတွက် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရရှိနိုင်မည်ဖြစ် ပါသည်။ နာနတ်သီးစားသုံးခြင်းဖြင့် ကိုယ်ခံအားကို မြင့်မားစေပြီး ရောဂါဝင်ရောက် မှုကိုကာကွယ် ပေးနိုင်ခြင်း၊ နာနတ်သီးတွင်ပါဝင်သော သကြားဓာတ်ကြောင့် ပင်ပန်းနွမ်းနယ်မှုကို သက်သာစေ၍ အအေးမိတုပ်ကွေးဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ပြီး ကိုယ်ခံအားကောင်းစေခြင်း၊ နာနတ်သီး စားသုံး ခြင်းဖြင့် အရိုးအဆစ်များကိုသန်မာစေခြင်း၊ အမြင်အာရုံချို့ယွင်းမှုကို ကာကွယ် ပေးနိုင်ခြင်းကြောင့် အမြင်အာရုံကောင်းစေပါသည်။ နာနတ်သီးတွင် အမျှင်ဓာတ်များစွာပါဝင် ပါသည်။ ထို့ကြောင့် အစာအိမ်အူလမ်းကြောင်း ကျန်းမာရေးကိုကောင်း မွန်စေကာ ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးသော ကြောင့် ကိုယ်အလေးချိန် လျော့ချနိုင်ရန်အတွက်လည်း အထောက်အကူဖြစ်စေပါသည်။ ပေါ်ဦး ပေါ်စဖြစ်၍ နာနတ်သီးတစ်လုံးလျှင်(၂၀၀၀/၃၀၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျှက်ရှိကြောင်း သစ်သီးမျိုးစုံအရောင်းဆိုင်မှ သိရှိရပါသည်။

DOCA(မန္တလေး)