Main menu

၂၀၂၅ခုနှစ်၊ မေလ (ပထမ)ပတ်တွင် ဖြစ်ပေါ်နေသော ဟင်းငုတ်ပွင့် (ခေါ်) သခွတ်ပွင့်ဈေးနှုန်း

Powered by Drupal

   သခွတ်ပင်သည် အပူပိုင်းဒေသဖြစ်သည့် နေရာများတွင် ပေါက်ရောက်လျှက်ရှိရာ သခွတ်ပွင့် သည် အစာအဟာရအတွက်သော်လည်းကောင်း၊ ကျန်းမာရေးအတွက်သော်လည်းကောင်း ဆေး ဘက်ဝင်သည့် အပင်ဖြစ်သလို လက်ဆောင်အဖြစ်ပေး၍သော်လည်းကောင်း အသုံးဝင်သော အပင် ဖြစ်ပါသည်။ သခွတ်ပွင့်သည် တန်ခူးလမှ စတင်၍ ပေါ်သည်ဖြစ်ရာ ဝါဆိုလအထိ ပွင့်သော အပင် ဖြစ်ပါသည်။ သခွတ်ပွင့်၏ သဘောသဘာဝသည် မိုးသံကြားပါက သခွတ်ပွင့်ခြောက်သည် မဲတက်၍ သခွတ်ပွင့်ကို နေပူပူတွင် ခြောက်သွေ့အောင်လှမ်း(၂)ရက်လှမ်းရပါသည်။ သို့မှသာ ရောင်းတန်းဝင် ကြောင်း၊  မေလ (ပထမ)ပတ်  ဖြစ်ပေါ်နေသော သခွတ်ပွင့် ဈေးနှုန်းမှာ တစ်ပိဿာ လျှင် (၂၅၀၀ဝိ/) ကျပ်နှင့် တစ်ဆယ်သားလျှင် (၂၅၀ဝိ/-)ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)