
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများဖြစ်သော ခဝဲသီး၊ ရွှေဖရုံသီး၊ ကန့်လန့်ဖူး၊ မုံညင်းရွက်၊ ခရမ်းကဆော့သီး၊ ကြက်ဟင်းခါးသီး၊ ခရမ်းသီးများ ရောင်းချလျက်ရှိရာ ယခုအခါ ကင်းပုံပင်များကို နေအိမ်ခြံဝင်းများတွင်လည်းကောင်း၊ ယာကွက်ခြံ စည်းရိုးများတွင်လည်းကောင်း စိုက်ပျိုး၍ ရောင်းချလျက်ရှိကြောင်း သိရသည်။ ကင်းပုံသီးမှာအချို မျိုးနှင့်အခါးမျိုးနှစ်မျိုးရှိပြီး ၊အချိုမျိုးသည် အသီးနှင့်အရွက် နှစ်မျိုးစလုံးစားသုံးနိုင်ကြောင်း၊ ကင်းပုံ သီးများကို ကြော်စား၊ ချက်စား၊ နှပ်စား အမျိုးမျိုးပြုလုပ်၍ စားသုံးကြကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ မေလ ပထမပတ်၌ ကန့်ဘလူမြို့မဈေးတွင် ကင်းပုံသီးများကို ကန့်ဘလူမြို့ ပေါ်၊နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများမှ ဝယ်ယူ၍ရောင်းချလျက်ရှိကြောင်း၊ ကင်းပုံသီး များကို နို့ဆီဘူး (၁)ဘူးလျှင် (၃၀၀)ကျပ်၊ နို့ဆီဘူး(၂)ဘူးလျှင် (၅၀၀)ကျပ်၊ (၁) ပြည်လျှင်(၂၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှသတင်း ရရှိပါသည်။
DOCA(စစ်ကိုင်း)