Main menu

မြင်းခြံမြို့နယ်၏ စက်သုံးဆီဈေးနှုန်းအခြေအနေ

Powered by Drupal

    မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/ သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

    မြင်းခြံမြို့ စက်သုံးဆီဆိုင်များတွင် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး မတ်လပထမပတ် စက်သုံးဆီဈေးနှုန်းများမှာ ဒီဇယ် ( ရိုးရိုး) တစ်လီတာလျှင် ( ၂၅၈၅)ကျပ်၊ ဒီဇယ် (ပရီမီယံ) တစ်လီတာလျှင် ( ၃၁၆၅ ) ကျပ်၊ ဓာတ်ဆီ (92 ) တစ်လီတာလျှင် (၂၉၉၅  )ကျပ် ၊ ဓာတ်ဆီ (95) တစ်လီတာလျှင် (၃၀၅၅) ကျပ် ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

    ယခင် ဧပြီလ နောက်ဆုံးပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင် (၂၅၅၀)ကျပ်၊ ဒီဇယ် ( ပရီမီယံ) တစ်လီတာလျှင် (၃၁၂၅) ကျပ်၊ ဓာတ်ဆီ (92 ) တစ်လီတာလျှင် (၂၉၂၀)ကျပ် ၊ဓာတ်ဆီ (95) တစ်လီတာလျှင် (၂၉၇၅)ကျပ် များဖြင့် ဖြစ်ပေါ်ရောင်းချခဲ့၍ ယခင်ဧပြီလ နောက်ဆုံးပတ်နှင့်နှိုင်းယှဉ်လျှင် ယခုမတ်လ ပထမအပတ်တွင် ဒီဇယ် (ရိုးရိုး) တစ်လီ တာလျှင် (၃၅)ကျပ်၊ ဒီဇယ် ( ပရီမီယံ) တစ်လီတာလျှင် (၄၀) ကျပ်၊ ဓာတ်ဆီ (92 ) တစ်လီ တာလျှင် (၇၅)ကျပ် ၊ဓာတ်ဆီ (95) တစ်လီတာလျှင် (၈၀)ကျပ် စသည်ဖြင့် အသီးသီးမြင့်တက်ခဲ့ကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။

DOCA(မန္တလေး)