
ဘုရင့်နောင်ဆန်စပါးကုန်စည်ဒိုင်သို့ ၈.၅.၂၀၂၅ ရက်နေ့တွင် ပဲခူး(အရှေ့) မှ ရှယ်စ ၃၀၈၀ အိတ်ဝင်ရောက်လာပြီး ဈေးနှုန်းမှာ ၆၁၀၀၀ မှ ၆၂၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၀၂၀ နှင့် ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ကျပ်၊ လက်စအိတ်ရေ ၁၃၂၆ နှင့် ဈေးနှုန်းမှာ ၅၉၅၀၀ မှ ၆၀၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၉၆၅ နှင့် ဈေးနှုန်းများမှာ ၅၇၅၀၀ မှ ၅၈၅၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၄၃၅၀ နှင့် ဈေးနှုန်းများမှာ ၄၆၅၀၀ မှ ၅၀၀၀၀ ကျပ်တို့ဖြစ်ကြောင်း သိရှိခဲ့ရပြီး ပဲခူး(အနောက်) မှ ရှယ်စ ၃၁၂၀ အိတ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၂၅၆၀၊ လက်စအိတ်ရေ ၁၄၅၀၊ ၂၅ မတ်ဆန်အိတ် ၈၃၀၊ ဆန်ကွဲအိတ်ရေ ၄၁၇၃၊ ဧရာဝတီတိုင်းမှ ရှယ်စ ၃၂၈၅ အိတ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၂၄၈၂၊ လက်စအိတ်ရေ ၁၄၈၂၊ ၂၅ မတ်ဆန်အိတ် ၉၈၇၊ ဆန်ကွဲအိတ်ရေ ၄၄၈၀ တို့ဝင်ရောက် ကြောင်း သိရှိရပါသည်။
၇.၅.၂၀၂၅ နှင့် ၈.၅.၂၀၂၅ ဝင်ရောက်မှုတွင် ၈.၅.၂၀၂၅ ရက်နေ့တွင် ဆန်ဝင်ရောက်မှုမှာ အနည်းငယ်လျော့နည်းမှုရှိကြောင်းနှင့် ဈေးနှုန်းများမှာလည်း ပြောင်းလဲမှုမရှိကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)