Main menu

နေရောင်ခြည်စွမ်းအင်သုံးဆိုလာပစ္စည်းများ ကုန်စည်ပြပွဲကို ရန်ကုန်မြို့ Convention Centre တွင်ကျင်းပ

Powered by Drupal

   နေရောင်ခြည်စွမ်းအင်သုံး စွမ်းအင်သုံး ကုန်စည်ပြပွဲကို ရန်ကုန်မြို့တွင် မေလ ၁ရက်နေ့တွင် စတင်ကျင်းပခဲ့သည်။ ဒုတိယအကြိမ် မြန်မာ့လျှပ်စစ်နှင့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာထုတ်ကုန်များ ပြပွဲ ၂၀၂၅ ကို မေလ (၁) ရက်နေ့က ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။ ကုန်စည်ပြပွဲတွင် လီသီယမ်ဘက်ထရီများ၊ အင်ဗာတာများ၊ ဆိုလာပြားများ၊ ဓာတ်အားပေးစက်ရုံများ၊ မီးစက်များ၊ ဆိုလာပန်ကာများ၊ ဆိုလာမီးများ၊ ပန့်များနှင့် အခြားသော ပါဝါထုတ်ကုန်များ အပါအဝင် ကုန်ပစ္စည်း မျိုးစုံကို ပြသခဲ့သည်။ မြန်မာနိုင်ငံ DPES Exhibition ၏ အထွေထွေမန်နေဂျာ Wang Zhang Cheng က အဆိုပါကုန်စည်ပြပွဲတွင် ကမ္ဘာတစ်ဝှမ်းမှ ကုမ္ပဏီပေါင်း ၈၀ ကျော်မှ အမှတ်တံဆိပ် ရာပေါင်းများစွာကို ပြသသွားမည်ဖြစ်ပြီး နေရောင်ခြည်စွမ်းအင်နှင့် ပါဝါနည်းပညာများတွင် နောက်ဆုံးပေါ် တိုးတက်မှုများ ပါဝင်သော ကုန်စည်ပြပွဲသည် ဓာတ်အားသိုလှောင်မှုနှင့် စွမ်းအင်လုပ်ငန်းအတွက် အဓိကကျသော ပလက်ဖောင်းတစ်ခုအဖြစ် ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ပွဲ၏ပထမနေ့တွင်ပင် ဖြန့်ဖြူးသူ၊ လက်လီရောင်းချသူများနှင့် ဖောက်သည်ထောင်ပေါင်းများစွာကို ဆွဲဆောင်နိုင် ခဲ့သည်။ လေးရက်ကြာကျင်းပမည့် အဆိုပါ ပွဲကို ၄.၅.၂၀၂၅ ရက်နေ့ တနင်္ဂနွေနေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည် ။

sources-xinhua

DOCA(မန္တလေး)