Main menu

မကွေးကုန်စည်ဒိုင်ရှိ နှမ်းမျိုးစုံနှင့် ပဲမျိုးစုံတို့၏ စျေးကွက်အခြေအနေ

Powered by Drupal

            မကွေးကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျှက်ရှိသော နှမ်းမျိုးစုံအနေဖြင့် နှမ်းနီ(၁၅) ပိဿာ တစ်တင်းလျှင် (၅၆၀၀ဝိ/-)ကျပ်၊ နှမ်းဖြူ(၁၅)ပိဿာ တစ်တင်းလျှင် (၅၈၃၃၅)ကျပ်၊ နှမ်းနက်(စမုံ) (၁၅)ပိဿာ တစ်တင်းလျှင် (၆၈၃၃၅)ကျပ်၊ နှမ်းနက်(ရိုးရိုး) (၁၅)ပိဿာ တစ်တင်းလျှင် (၅၃၃၃၅)ကျပ်၊ နှမ်းညိုကြား(၁၅)ပိဿာ တစ်တင်းလျှင် (၅၃၃၃၅)ကျပ်၊ ဂျပန်(နှမ်းဖြူ)(၁၅)ပိဿာ တစ်တင်းလျှင် (၅၈၃၃၅)ကျပ်တို့ဖြင့် မြို့တွင်း နှမ်းလှော်ဖိုသမားများ၊ တိုင်းတွင်းဆီစက်ပိုင်ရှင်များနှင့် ရန်ကုန်ရှိ ဆီစက်ပိုင်ရှင်များမှ ဝယ်ယူလျှက်ရှိပြီး ဇွန်လ(တတိယ)ပတ်အတွင်း နှမ်းမျိုးစုံရောင်းရတန်ချိန်မှာ  (၁၇၀)ခန့်ရှိကြောင်း သိရှိရပါ သည်။

          ပဲမျိုးစုံအနေဖြင့် ပဲနောက်၊ ပဲလွန်းဝါ၊ ပဲကြီးဖြူ၊ ပဲကြီးမဲ၊ ထောပတ်ပဲ၊ ပဲစဉ်းငုံနီနှင့် စားတော်ပဲတို့သည် စျေးနှုန်းတည်ငြိမ်ပြီး အရောင်းအဝယ်အေးလျှက်ရှိသည်။ ကုလားပဲ(929)(၁၉) ပိဿာတစ်တင်းလျှင်(၄၇၅၀ဝိ/-)ကျပ်၊ ကုလားပဲ(HL)(၁၉)ပိဿာ တစ်တင်းလျှင် (၄၆၇၀ဝိ/-)ကျပ်၊ ကုလားပဲလုံးသေး (၁၉)ပိဿာ တစ်တင်းလျှင် (၄၄၀၀ဝိ/-)ကျပ်တို့ဖြင့် ရန်ကုန်၊ ပြည်၊ မန္တလေးနှင့် အောင်လံရှိကြိတ်ခွဲစက်သမားများမှ အဝယ်သွက်လျှက်ရှိပြီး မကွေးကုန်စည်ဒိုင်မှ ရောင်းရတန်ချိန် ၂၅၀ ခန့်ရှိကြောင်းသိရှိရသည်။ ပဲတီစိမ်းမှာ မကွေးမြို့နယ် ဧရာဝတီမြစ်အနောက်ဘက်ခြမ်းရှိ တောင်သူများထံမှ အများအပြားဝင် ရောက်လာလျှက်ရှိပြီး ယခုအပတ်တွင် ပဲတီစိမ်း(၁၉)ပိဿာ တစ်တင်းလျှင်(၄၅၈၀ဝိ/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း သိရှိရသည်။ စျေးနှုန်းတည်ငြိမ်ပြီး အဝယ်သွက်ကာ ဇွန်လ(တတိယ)ပတ်အတွင်း ပဲတီစိမ်းတန်ချိန် (၇၀၀)ခန့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ရန်ကုန်ရှိ ကုန်သည်များနှင့်တရုတ် (Border Trade)မှ တိုက်ရိုက်ဆက်သွယ်၍ ဝယ်ယူလျှက်ရှိကြောင်း သိရှိရသည်။

DOCA(မကွေး)