Main menu

သရက်မြို့ရှိ ပဲကြော်လုပ်ငန်းဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

         မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နွဲ့ယဉ်ဝင်း၊ ဒု-ဦးစီးမှူးသည် (၁၉.၆.၂၀၂၂)ရက်နေ့ (၀၉:၃၀)အချိန်တွင် သရက်မြို့ ပြည်တော်အေးရပ်ကွက်၊ မြို့ပတ်လမ်းနေ ပဲကြော်လုပ်ငန်းရှင် ဦးစိုးလွင်နှင့် တွေ့ဆုံပြီး ပဲကြော်လုပ်ငန်း၏ ဈေးနှုန်းဈေးကွက် အခြေအနေများအား တွေ့ဆုံမေးမြန်းခဲ့ပါသည်။

          ပဲကြော်လုပ်ငန်းရှင်မှ ပဲကြီးတစ်တင်းလျှင် (၆၅၀၀ဝိ/-)ပေးဝယ်ရကြောင်း၊ (၁)ရက်လျှင် ကုန်ကြမ်းအနေဖြင့် ပဲကြီး(၃၀)ပိဿာ(၂)အိတ်ဖြင့် လုပ်ငန်းဆောင်ရွက်ပါကြောင်း၊ ပဲကြော်လုပ်ငန်း လုပ်ကိုင်ရာတွင် အကြော်ဆရာ(၂)ဦး၊ လုပ်သား(၁)ဦး၊ ပဲညှာဇကာချ အမျိုးသမီးလုပ်သား(၁)ဦးဖြင့် ဆောင်ရွက်ပါကြောင်း၊ တစ်နေ့လုပ်သားခ အကြော်ဆရာတစ်ဦးလျှင် (၁၀၀၀ဝိ/-)၊ ပဲညှာဇကာချခြင်းအတွက် တစ်တင်းခွဲအိတ်(၁)အိတ်လျှင် (၃၅ဝိ/-)နှုန်းဖြင့် နာရီပိုင်းမျှသာ လုပ်ကိုင်ဆောင်ရွက်ကြောင်း၊ ပဲအခွံချွတ်လုပ်ငန်းလုပ်ကိုင်သူဦးရေ တစ်နေ့လျှင်(၁၅)ဦးခန့် ဆောင်ရွက်လုပ်ကိုင်ပါကြောင်း၊ ပဲ(၁)ပြည်လျှင် (၃၀ဝိ/-)နှုန်းဖြင့် တစ်နေ့လျှင်နံနက်(၀၄:၀၀မှ၁၁:၀၀)နာရီထိ နေ့ဝက် ဆောင်ရွက် ကြောင်း၊ ပဲအခွံချွတ်လုပ်ငန်းများဆောင်ရွက်ရာတွင် ပျမ်းမျှ(၆) ပြည်နှုန်းရရှိ၍ တစ်ဦးလျှင် (၁၈၀ဝိ/- ၂၀၀ဝိ/-)ခန့် ဝင်ငွေရရှိကြကြောင်း၊ ကုန်ကြမ်းပဲကြီးများကို ညနေ(၄)နာရီမှ နံနက်(၄)နာရီထိ ရေစိမ်ထား၍ အခွံချွတ်ကြောင်း၊ ကုန်ကြမ်း(၃၀)ပိဿာ(၂)အိတ်ကို ရေစိမ်ပြီး အခွံချွတ်ရာတွင် ကုန်ချောအဖြစ်(၄၅)ပိဿာရရှိပြီး စုန်းပျူးအဖြစ် (၁)အိတ်လျှင်(၁)ပိဿာထွက်ရှိပါကြောင်း၊ ထို့နောက်အခွံချွတ်ပြီးသား ပဲများကို ရေဆေးပြီး၊ ပဲကြော်ခြင်းလုပ်ငန်းဆောင်ရွက်ပါကြောင်း၊ ကြော်ရာတွင်ဆီ (၇.၅၀) ပိဿာကုန်ကျပြီး လောင်စာအဖြစ်လွှစာမှုန့်ကို အသုံးပြုပါကြောင်း၊ တစ်ရက်လျှင် လွှစာမှုန့်(၅၀၀ဝိ/-) ခန့်ကုန်ကျပါကြောင်း၊ ပဲခွံများကို နွားစာအဖြစ်ရောင်းရပြီး (၁)ပုံးလျှင် (၃၀ဝိ/-)ရရှိပါကြောင်း၊ ပဲညှာများကို ဝက်စာအဖြစ် တစ်ပြည်လျှင် (၂၅ဝိ/-)ကျပ်ဖြင့် ရောင်းချပါကြောင်း၊ ပဲကြီးစိမ်ရည်များကို နွားစာအဖြစ် အသုံးပြုပါကြောင်း၊ ကြော်ပြီးသားပဲကြမ်းကြော်များကို ရောင်းချရာတွင် လက်ကား အနေဖြင့် တစ်ပိဿာ (၆၀၀ဝိ/-) နှုန်းဖြင့် ရန်ကုန်မြို့သို့တင်ပို့ပါကြောင်း၊ ရန်ကုန်မြို့သို့ တင်ပို့ရာတွင် သယ်ယူခ(၃၀)ပိဿာ (၁)အိတ်လျှင်(၁၆၀ဝိ/-)နှင့်တင်ပို့ခ(၁၀ဝိ/-)ပေးရပါကြောင်း၊ လက်လီဈေးနှုန်း (၆၂၀ဝိ/-)ဖြင့် ပတ်ဝန်းကျင်ကျေးရွာများနှင့် ရပ်ကွက်များမှ ဝယ်ယူပါကြောင်း၊ အကျိုးအမြတ်အနေဖြင့် ပဲကြီး(၃၀) ပိဿာ (၂)အိတ်ကို ယခင်ကစားအုန်းဆီ ဈေးချိုသည့်အတွက် တစ်နေ့ဝင်ငွေ(၃၀၀၀ဝိ-၃၅၀၀ဝိ)ခွဲခန့်ကျန်ရှိသော်လည်း ယခုအခါစားအုန်းဆီ (၁)ပိဿာ (၈၀၀ဝိ/-)ဝန်းကျင်ခန့် ဝယ်ယူ အသုံးပြုရသည့်အတွက်(၂၃၀၀ဝိ/-)ကျန်ရှိပါကြောင်း၊ သို့သော်လည်း စားဝတ်နေရေးအတွက် အမြတ်အစွန်းနည်းပါးသော်လည်း လုပ်ငန်းမပျက်လိုသည့်အတွက် ဆက်လက်လုပ်ကိုင်နေရကြောင်း ပဲကြော်လုပ်ငန်းရှင်၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မကွေး)