Main menu

မိုးနှင့်အတူ ဈေးနှုန်းကျလာသော စံပယ်ပန်း

Powered by Drupal

            စံပယ်ပင်သည် ချုံပင်တစ်မျိုးဖြစ်ပြီး အိမ်စံပယ်၊ တောစံပယ်၊ စံပယ်အိ၊ စံပယ်နွဲ့ဟူ၍ စံပယ်အမျိုးမျိုးရှိပါသည်။ စံပယ်သည်မွှေးကြိုင်သော အဖြူရောင်ပန်းပွင့်ပြီး အနံ့မှာလည်းသင်းသင်း လေးဖြင့် စိတ်ကိုကြည်လင်လန်းဆန်းစေပြီး စံပယ်ပွင့်များကို ရေစိမ်၍မျက်စဉ်းခတ်သုံးစွဲလျှင် မျက်စိကြည်လင်စေနိုင်ကြောင်းသိရသည်။ စံပယ်ပင်ကို နေအိမ်များတွင်လည်းစိုက်ပျိုးကြပြီး ခြံများဖြင့်လည်း စီးပွားဖြစ်သော်လည်းကောင်း၊ တနိုင်တပိုင်အဖြစ်သော်လည်းကောင်း စိုက်ပျိုးကြ သည်။ မြင်းခြံမြို့၏ အနီးပတ်ဝန်းကျင်ရှိရွာများဖြစ်သော ဖုန်ရွာ၊ ရသာ၊ ပျော်ဘွယ်၊ စံပြ၊ သမုန်းကိုင်း၊ သစ်ပင်ရှည် စသည့်ရွာများတွင်ခြံများဖြင့် စီးပွားဖြစ်စိုက်ပျိုးကြသည်။ စံပယ်စိုက်သူ များမှာ ဖောက်သည်ပေး၍သော်လည်းကောင်း၊ ကိုယ်တိုင်ဈေးကွက်များတွင်လည်းကောင်း ရောင်းချ မှုရှိကြကြောင်းသိရသည်။ စံပယ်ပန်းကို ဘုရားတွင်ကပ်လှူခြင်း၊ အလှူအတန်းများနှင့်မင်္ဂလာပွဲများ၊ အမျိုးသမီးတို့၏ ဆံကေသာထက်ပန်ဆင်ခြင်း၊ သာရေးနာရေးများစသည်ဖြင့် သုံးစွဲမှုများသော ပန်းတစ်မျိုးဖြစ်ပါသည်။ ယခုအခါ ဈေးတန်းများတွင် စံပယ်ပန်း(၂၅)ကုံးပါတစ်တွဲလျှင်(၁၃၀၀)ကျပ် နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင် သင်္ကြန်မတိုင်ခင် ဈေးနှုန်းနှင့်နှိုင်းယှဉ်လျှင်(၂၅)ကုံးပါ တစ်တွဲလျှင်(၇၀၀)ကျပ်ခန့် ဈေးနှုန်းကျဆင်းခဲ့ပြီး မိုးရွာသွန်းမှုရှိပြီးလှိုင်လှိုင်ဖူးပွင့်ထွက်ရှိလာ၍ ဈေးအနည်းငယ်ကျဆင်းရခြင်းဖြစ်ကြောင်း ယခုလိုမိုးရာသီတွင် စံပယ်ပန်းများ၏မွှေးရနံ့မှာ အနည်း ငယ်လျော့နည်းမှုရှိကြောင်း ပန်းဈေးတန်းရှိ ပန်းသည်များထံမှ သိရှိရသည်။

DOCA(မန္တလေး)