Main menu

တောင်ငူမြို့တွင် ခရမ်းချဉ်သီး၊ ပန်းဂေါ်ဖီ၊ သခွားသီး နှင့် ဂေါ်ဖီစျေးအနည်းငယ်တက်

Powered by Drupal

     တောင်ငူမြို့ ညောင်ပင်ဈေးတွင် ဒေသထွက်ခရမ်းချဉ်သီးများ တုံးသွားသည့်အတွက် အခြားဒေသမှ အသီးများမှာယူရောင်းချရသဖြင့် ယခင်လကထက် ခရမ်းချဉ်သီးဈေး မြင့်တက် လာပါသည်။  ယခင်လက တစ်ပိဿာလျှင် ၁၀၀၀ ကျပ် ရှိရာမှ ယခုအပတ် တွင် ၁၅၀၀ ကျပ် အထိ စျေးနှုန်းအနည်းငယ် တက်သွားပါသည်။

     သခွားသီးမှာ ယခင်လက တစ်ပိဿာ ၂၀၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် ၂၅၀၀ ကျပ်ဖြင့် ရောင်းချလျက် ရှိသည်။ ဂေါ်ဖီမှာ တစ်ပိဿာလျှင် ယခင်လက ၁၀၀၀ ကျပ် ရှိရာမှ ယခုအပတ် တွင် ၁၅၀၀ ကျပ်ဖြစ်ပြီး  ဈေးနှုန်းအနည်းငယ် တက်သွားပါသည်။  ပန်းဂေါ်ဖီပွင့် စျေးနှုန်း အနေဖြင့် အပွင့်ကြီး တစ်ပွင့်လျှင် ၁၂၀၀ ကျပ် ဖြစ်ပြီး၊ အပွင့်အသေး တစ်ပွင့်လျှင် ၁၀၀၀ ကျပ်ဖြင့် ရောင်းချလျက် ရှိပါသည်။

     ခရမ်းသီးအညိုမှာ တစ်ပိဿာလျှင် ၂၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။ ခရမ်းသီးအဖြူမှာ ယခင်လက ၁၅၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် ၁၅၀၀ ကျပ်၊ ခရမ်းသီး အဝိုင်းမှာ ယခင်လက တစ်ပိဿာလျှင် ၃၀၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် ၃၅၀၀ ကျပ် အထိ ဈေးနှုန်း ၅၀၀ ကျပ် တက်သွားကြောင်း သိရပါသည်။

DOCA(ပဲခူး)