Main menu

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ်၊ ပထမ (၂) လအတွင်း တရုတ်ခရီးသွားဝင်ရောက်မှု ၆၇.၆ ရာခိုင်နှုန်း တိုးတက်လာ

Powered by Drupal

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ်၊ ပထမ (၂) လအတွင်း တရုတ်ခရီးသွား ဦးရေ ၆၇.၆ ရာခိုင်နှုန်းတိုးလာကြောင်း ကမ္ဘောဒီးယားနိုင်ငံ၊ ခရီးသွားလာရေးဝန်ကြီးဌာန၏ ၇-၄-၂၀၂၅ ရက်နေ့ က ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင်ဖော်ပြထားသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဖေဖော်ဝါရီလအတွင်း ကမ္ဘောဒီးယားနိုင်ငံသို့ တရုတ်ခရီးသွားစုစုပေါင်း ၁၈၄,၃၇၂ ဦး ဝင်ရောက်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ အလားတူကာလ ၁၀၉,၉၉၀ ဦးထက် ၆၇.၆ ရာခိုင်နှုန်း တိုးလာသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတကာခရီးသွား စုစုပေါင်း ၁.၂၆ သန်းလာရောက်သည့် စုစုပေါင်း၏ ၁၄.၆ ရာခိုင်နှုန်းသည် တရုတ်ခရီးသွားများဖြစ်ပြီး ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံနောက် နိုင်ငံသို့လာရောက်လည်ပတ်မှု တတိယအများဆုံးနိုင်ငံဖြစ်သည်။ ခရီးသွားလာရေးဝန်ကြီးဌာ၏ ပြောရေးဆိုခွင့်ရှိသူ Hun Dany က ကမ္ဘောဒီးယားနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ခရီးသွားကဏ္ဍတွင် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုကို မြင်တွေ့ခဲ့ရပြီး  ကမ္ဘောဒီးယားနိုင်ငံအတွက် အကြီးဆုံး ခရီးသွား ဈေးကွက်ဖြစ်ကြောင်းပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် တရုတ် ခရီးသွား ၈၅၀,၀၀၀ ဦးနီးပါး ရရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၅၅ ရာခိုင်နှုန်း တိုးတက်လာကြောင်း နှင့် ခရီးသွားလုပ်ငန်းသည် ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးကို ပံ့ပိုးပေးသည့် မဏ္ဍိုင်(၄) ခု အနက်မှ တစ်ခုဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

Source : Khmer Times

DOCA(ရန်ကုန်)