
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်တွင် ကြက်ဥ၊ ဘဲဥများကို တစ်နိုင်တစ်ပိုင်မွေးမြူကြသလို စီးပွားဖြစ် လည်းမွေးမြူလျက်ရှိပါသည်။ စျေးကွက်တွင် ဒေသထွက်ကြက်ဥ၊ ဘဲဥရှိသလို အခြားတိုင်းများမှ ဝယ်ယူရောင်းချသောကြက်ဥ၊ ဘဲဥများလည်းရှိသည်။ ကြက်ဥအများစုကို ရန်ကုန်တိုင်းဒေသကြီးမှ မှာယူရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ၂၀၂၅ ခုနှစ်၊ ဧပြီလ၌ မြိတ်မြို့၊ ဆိပ်ငယ်စျေးကြီးတွင် စျေးနှုန်းစုံစမ်းချက်အရ စျေးကွက်တွင်ဖြစ်ပေါ်နေသော ဒေသထွက် ကြက်ဥစျေးနှုန်းမှာ ၄၅၀ကျပ် ခန့်ရှိနေပြီး ဘဲဥစျေးနှုန်းမှာ ၆၀၀ကျပ်ခန့်ရှိနေကြောင် သိရှိရပါသည်။
DOCA(တနင်္သာရီ)