Main menu

သကြားပြောင်းစိုက် တွက်ခြေကိုက်နေ

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်း ခြံစိုက်ပျိုး၍ အသက်မွေးဝမ်း ကြောင်း စီးပွားရှာနေကြသော တောင်သူများသည် ပန်း‌ဂေါ်ဖီနှင့်ဂေါ်ဖီထုတ်များ စိုက်ပျိုးချိန် ကုန်ပြီးနောက် သကြားပြောင်း၊ရုံးပတီ၊ငရုတ်၊ကြက်သွန်များစိုက်ပျိုး၍ ဝင်ငွေရှာကြကြောင်း သိရှိရ ပါသည်။

      ရေရလွယ်ကူ၍လည်း ချောင်ကမ်းပါးအနီးရှိ  ယာကွက်များတွင် သီးနှံမျိုးစုံဖြစ်ထွန်းလျက် ရှိပါသည်။ဥတိုကျေးရွာမှ တောင်သူဦးဘိုဘိုထွန်း၏ ပြောပြချက်အရ ပြောင်းစိုက်ပျိုးခြင်းသည် အချိန်တိုတိုဖြင့်ဝင်ငွေများများရရှိနိုင်ကြောင်း၊စိုက်ခင်းမြေကို ရှေးဦးစွာနွားချေးကိုမြေခံထည့်၍ ထယ် ၁စပ်ထွန် (၂)စပ်ဖြင့် ထွန်ယက်မြေညှိရကြောင်း ထိုနောက်ပင်ကြား ၉လက်မတန်းကြား ၂.၅ ပေထား၍ ကျင်းငယ်လေးများအတွင်း မျိုးစေ့ ၂စေ့၊၃စေ့ခန့်ထည့်၍ မြေမှုန့်အနည်းငယ်ဖုန်းပြီး စိုက်ပျိုးရ  ကြောင်း၊စိုက်ပြီး၂၀ရက်သားခန့်တွင် ယူရီးယား၊ပိုတက်၊Tစူပါ (၁)အိတ်စီရော၍ ပတ်ဖျန်း ရကြောင်း၊ ထိုနောက်ရေကို ၃ရက်လျှင် ၁ကြိမ်သွင်းပေပြီး ခူးစွက်ချိန်အထိ ၁၂ကြိမ်ခန့် ရေလောင်းပေးရကြောင်း သိရှိရပါသည်။အပင်သက်တမ်းရက်(၇၀)ခန့်တွင် အဖူးများစတင်ရိတ်သိမ်း ရသဖြင့် အချိန်တိုတိုဖြင့်  ဝင်ငွေရကြောင်း၊တဧကကုန်ကြစရိတ်အနေဖြင့်မြေပြင်ခ ၃၆၀၀၀၀ မျိုးစေ့၄၄၀၀၀၀၊ဓာတ်မြေဩဇာ ၃၂၀၀၀၀၊ရေတင်ခ ၁၀၅၀၀၀ကျပ်၊လုပ်သားခ ၈၀၀၀၀ ကျပ်၊ ခူးဆွတ်သယ်ယူခ ၁၄၀၀၀၀ကျပ် ဖြစ်ပြီး၊ စုစုပေါင်းကုန်ကျစရိတ် ၁၄၄၅၀၀၀ကျပ် ကုန်ကျနိုင်ပြီး တဧကလျှင်အပင် ၁၈၀၀၀ခန့် စိုက်ပျိုးနိုင်၍ ပြောင်းဖူး၂၀၀၀၀ခန့် ရရှိနိုင်ပြီး ယခုဈေးကွက်အရ ၃၀၀ကျပ်ဈေးရသဖြင့်တဧကဝင်ငွေ ၆၀၀၀၀၀၀/ကျပ် ခန့်ရ၍ အကျိုးအမြတ်အနေဖြင့် ၄၅၀၀၀၀၀/ကျပ်ကျော်ခန့် ရရှိနိုင်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)