
ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊လက်ပံတန်းမြို့ စည်ပင်သာယာဈေးတွင်းရှိသော ဂျင်း ဈေးနှုန်းများမှာ မတ်လတတိယပတ်တွင် ဂျင်း (၁၀)ကျပ်သားလျှင် ၈၀၀ ကျပ်ရှိခဲ့ပြီး ဧပြီလ တတိယပတ်တွင်လည်း ၈၀၀ကျပ်ရှိနေပါသည်။ဂျင်းဈေးနှုန်းများ အတက်အကျမရှိယခင်လဈေး
နှုန်းအတိုင်းဈေးငြိမ်နေပါသည်။
ကြက်သွန်ဖြူဈေးနှုန်းများအနေဖြင့် မတ်လနောက်ဆုံးပတ်တွင် ကြက်သွန်ဖြူ (ကြူကုတ်) ၁၀ ကျပ်သားလျှင် ၁၅၀၀ ကျပ်၊ယခု ဧပြီလ တတိယပတ်တွင်ကြက်သွန်ဖြူ(ကြူကုတ်) ၁၀ကျပ်သားလျှင် ၁၆၀၀ ကျပ်၊ဈေးနှုန်းဖြင့်ရောင်းချလျက်ရှိပါသည်။
ကြက်သွန်ဖြူ(ရှမ်းစ) ဈေးနှုန်းအနေဖြင့် မတ်လတတိယပတ်တွင် (၁၀) ကျပ်သားလျှင် ၁၀၀၀ကျပ်ပေါက်ဈေးရှိနေပြီး ယခုဧပြီလတတိယပတ်တွင် ကြက်သွန်ဖြူ(ရှမ်းစ) ၁၀ကျပ်သားလျှင် ၁၀၀၀ ကျပ်၊ကြက်သွန်ဖြူဥ တစ်လုံးဈေးကွက်လည်းရှိနေပြီး တစ်ဆယ်ကျပ်သားလျှင် ၂၀၀၀ ကျပ်၊ အရောင်းအဝယ် ဖြစ်နေကြကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)