Main menu

လက်ပံတန်းမြို့ဂျင်းနှင့်ကြက်သွန်ဖြူဈေးကွက်အခြေအနေ

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊လက်ပံတန်းမြို့ စည်ပင်သာယာဈေးတွင်းရှိသော ဂျင်း ဈေးနှုန်းများမှာ ဧပြီလတတိယပတ်တွင် ဂျင်း (၁၀)ကျပ်သားလျှင် ၈၀၀ ကျပ်ရှိခဲ့ပြီး မေလဒုတိယပတ်တွင်လည်း ၈၀၀ကျပ်ရှိနေပါသည်။ဂျင်းဈေးနှုန်းများ အတက်အကျမရှိ ယခင်လ ဈေးနှုန်းအတိုင်းဈေးငြိမ်နေပါသည်။         

       ကြက်သွန်ဖြူဈေးနှုန်းများအနေဖြင့် ဧပြီလနောက်ဆုံးပတ်တွင် ကြက်သွန်ဖြူ (ကြူကုတ်) ၁၀ ကျပ်သားလျှင် ၁၅၀၀ ကျပ်၊ယခု  ဧပြီလ တတိယပတ်တွင်ကြက်သွန်ဖြူ(ကြူကုတ်) ၁၀ကျပ်သားလျှင် ၁၆၀၀ ကျပ်ဈေးနှုန်းဖြင့်ရောင်းချလျက်ရှိပါသည်။

      ကြက်သွန်ဖြူ(ရှမ်းစ) ဈေးနှုန်းအနေဖြင့်  ဧပြီလတတိယပတ်တွင် (၁၀) ကျပ်သားလျှင် ၁၀၀၀ကျပ်ပေါက်ဈေးရှိနေပြီး ယခုမေလဒုတိယပတ်တွင် ကြက်သွန်ဖြူ(ရှမ်းစ) ၁၀ကျပ်သားလျှင် ၁၀၀၀ ကျပ်၊ကြက်သွန်ဖြူဥ တစ်လုံးဈေးကွက်လည်းရှိနေပြီး တစ်ဆယ်ကျပ်သားလျှင် ၂၀၀၀ ကျပ်၊ အရောင်းအဝယ် ဖြစ်နေကြကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)