ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်ရှိ ပဲမျိုးစုံရောင်းဝယ်ရေး ပွဲရုံများတွင် ရောင်းဝယ်နေသော မတ်ပဲဈေးနှုန်းများမှာ ယခင် မတ်လ တတိယပတ်နှင့် စတုတ္တပတ်တွင် ရောင်းဝယ်ခဲ့သော ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ဈေးအနည်းငယ်တက်၍ အရောင်း အဝယ် ဖြစ်နေသည်ကို တွေ့ရ ပါသည်။
ပြီးခဲ့သော မတ်လ တတိယပတ်တွင် ရောင်းဝယ် ဖြစ်ခဲ့သော မတ်ပဲဈေးနှုန်းမှာ ပိဿာ (၂၀) တစ်တင်းလျှင် (၉၇၃၀၀ ကျပ်မှ ၉၈၀၀၀ ကျပ်)နှုန်းဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး စတုတ္တပတ်တွင် (၉၆၅၀၀-ကျပ်မှ ၉၇၀၀၀-ကျပ်) အထိဈေးမြင့်တက်ခဲ့ပါသည်။
ယခုဧပြီလ ပထမပတ် အဖွင့်ဈေးမှာ ပိဿာ(၂၀)တစ်တင်းကို (၉၇၀၀၀-ကျပ် မှ ၉၇၅၀၀-ကျပ်)ဖြင့် ဈေးပိတ်ခဲ့ပါသည်။ ယခုစတုတ္တပတ်တွင်(၉၈၀၀၀-ကျပ်မှ ၉၈၅၀၀-ကျပ်)အထိ ဈေးအမြင့်ဖြင့် အရောင်းအဝယ်ဖြစ်နေသည်ကို တွေ့ရှိရပါသည်။
တင်ပို့ရောင်းချမှု အနေဖြင့် ရန်ကုန်ဝယ်လက်သို့ အိတ် (၃၅၀)ဆံ့ ကားဖြင့် (၁)ရက်လျှင် ကားစီးရေ(၂)စီးမှ (၃)စီးခန့် တင်ပို့နေရကြောင်း ပဲမျိုးစုံရောင်းဝယ် ရေးပွဲရုံမှ စုံစမ်းသိရှိရပါသည်။
DOCA(ပဲခူး)