Main menu

ဘားအံမြို့ပေါ်ရှိ အခြေခံပညာမူလတန်းကျောင်းများတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

Powered by Drupal

             စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် ၂၀-၆-၂၀၂၂ ရက်နေ့မှ ၂၄-၆-၂၀၂၂ ရက်နေ့ထိ၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ အခြေခံပညာမူလတန်းကျောင်းများတွင် မြို့နယ်ကျောင်းကျန်းမာရေးကော်မတီအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရှိရပါ သည်။

                အဆိုပါဟောပြောပွဲများတွင် သက်ဆိုင်ရာမိတ်ဖက်ဌာနများမှ မိမိတို့သက်ဆိုင်သည့်ဌာန အလိုက် အကြောင်းအရာများကို ဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်က  စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများနှင့် သတ္တမတန်း သင်ရိုးသစ် ဘဝတွက်တာ သင်ရိုးညွှန်းတန်းအခန်း(၄)ပါ စားသုံးသူနှင့်ဆိုင်သော အသိပညာအကြောင်းကို လက်တွေ့သရုပ်ပြ ရှင်းလင်းဆွေးနွေးခဲ့ပြီး အကြီးတန်းစာရေး ဒေါ်စုနွေးသီရိမောင်က ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော အစားအသောက်နှင့် ကုန်စည်များကို စနစ်တကျ ရွေးချယ်ဝယ်ယူ စားသောက်သုံးစွဲတတ်စေရန်အတွက် ကုန်အညွှန်းအမှတ်အသား အကြောင်းကိုလည်းကောင်း အသီးသီးရှင်းလင်းပြောကြားခဲ့ကာ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ၊ ကျောင်းသားမိဘများ စုစုပေါင်း ဦးရေ (၇၄၁)ဦး တက်ရောက်ပြီး ဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ခြင်း၊  စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ကျောင်းကျန်းမာရေးကော်မတီအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ကျောင်းဝန်းအတွင်းရှိ ကျောင်းမုန့်ဈေးတန်းတွင် အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့ကို စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

             စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများကို ဦးတည်နေရာ (၁၂) နေရာတွင် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်နေသကဲ့သို့ စားသုံးသူရေးရာဦးစီးဌာနပါဝင်သော ကျောင်းကျန်းမာရေးကော်မတီအဖွဲ့ဝင်များမှလည်း ၂၀၂၂-၂၀၂၃ ကျောင်း ဖွင့်ရာသီကာလအတွင်း ဘားအံမြို့ပေါ်ရှိ ကျောင်းများကို စားသုံးသူကာကွယ်ရေးနှင့် ကျောင်းကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းများ၊ စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ရေးအတွက် ရက်အလိုက် လျာထားချက်များ ချမှတ်စီစဉ်ဆောင်ရွက်ထားလျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)