Main menu

ကန့်ဘလူမြို့၊ ဘုရားကြီးဈေးတွင် ကြက်မောက်သီးများစတင်ရောင်းချလျက်ရှိ

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၊ ဘုရားကြီးဈေးရှိ အသီးမျိုးစုံ ရောင်းချနေသည့်ဆိုင်များတွင် ကြက်မောက်သီးများကို စတင်ရောင်းချနေကြောင်းသိရသည်။ ရာသီပေါ် ကြက်မောက်သီးများကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှမှာယူရောင်းချလျက်ရှိ‌ကြောင်း သိရသည်။

   ကြက်မောက်သီးသည် အနီရောင်အခွံပေါ်တွင်အစိမ်းရောင် အမွှေးအမျှင်ကလေးများဖြင့် ကာရံထားကာ အတွင်းထဲက အဖြူရောင်အသီးလေးဖြစ်ပြီး အရသာမှာအချို၍ခံတွင်းရှင်းစေ ပါသည်။ ကြက်မောက်သီးသည် အရည်ရွှမ်းသောကြောင့် အရသာကောင်းမွန်၍ လူကြိုက်များပြီး သရေစာအဖြစ် လူကြီးလူငယ်မရွေးဝယ်ယူ စားသုံးကြကြောင်း၊၂၀၂၅ ခုနှစ်၊ မေလ ဒုတိယပတ် အတွင်း ကြက်မောက်သီးဈေးနှုန်းမှာ ကြက်မောက်သီး(၁)လုံးလျှင် (၇၀၀)ကျပ်၊ ကြက်မောက် သီး(၁၀)လုံးလျှင်(၆၈၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့၊ ဘုရားကြီး ဈေးတွင်ရောင်းချလျက်ရှိသော သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)