Main menu

တနင်္သာရီတိုင်းဒေသ၊မြိတ်မြို့ပေါ်ရှိထန်းသီးဈေးကွက်

Powered by Drupal

           ထန်းသီး (Ice Apple)ကိုမြိတ်မြို့၊ဘုရားကိုင်လမ်းမတန်းနှင့် ကန်ကြီးရပ်ဘုရားကြီး တန်းလမ်း မတွင် အရောင်းသွက်လျက်ရှိသည်။ကျန်းမာရေးအတွက်များစွာ အထောက်အကူ ဖြစ်စေသည့်အပြင် ငှက်ပျောသီးနှင့်စားသုံးရန် မသင့်တော်သောအသီးတစ်မျိုးဖြစ်သည်။ မိတ် ပေါ်တွင်ထန်းသီးဆံကို ကပ်ပေးခြင်းဖြင့်မိတ်ရောဂါကို သက်သာစေသည်။ တပို့တွဲလနှင့်တ ပေါင်းလတွင် စတင်သီးချိန်ဖြစ်ပြီး တန်ခူးလတွင်ကွဲချိန်ဖြစ်သည်ဟုသိရသည်။ထန်းသီးဆံ ၃ခုမှ ၄ခုအထိပါရှိပြီး အရည်ရွှမ်း၍ချို မွှေးသော အရသာရှိသည်။

          ယခင်မတ်လ၌ မြိတ်မြို့နယ်အတွင်း ထန်းသီးတစ်လုံးဈေးနှုန်းမှာ (၁၅၀၀)ကျပ်မှ (၁၈၀၀)ကျပ် ဖြစ်ပြီး ယခုဧပြီလပထမပတ်တွင် (၂၀၀၀)ကျပ်မှ(၂၅၀၀)ကျပ်အထိစျေးတက် လာကြောင်းရောင်း ချသူထံမှသိရှိရပါသည်။

DOCA(တနင်္သာရီ)