Main menu

ဇီးကုန်းမြို့နယ်ရှိ သဘာဝစစ်စစ် ထန်းလျက်ချက်လုပ်ငန်း

Powered by Drupal

     နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် တစ်ပိုင်တစ်နိုင် ထန်းလျက်ချက်လုပ်ငန်းအား  လယ်မအုပ်စု၊ သဖန်းကုန်းကျေးရွာ၌ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။

      ထန်းလျက်ချက်လုပ်ငန်းအား တန်ဆောင်မုန်းလမှ ကဆုန်လအထိ (၇)လခန့်  ထန်းရေ   လှိုင်ချိန်တွင်လုပ်ကိုင်ပြီး   ရိုးရိုးထန်လျက်အပြင် ဇီးထန်းလျက်၊ အုန်းထန်းလျက် တို့အား ချက်လုပ်  ဖြန့်ဖြူးလျက်ရှိပါသည်။

     ဖြန့်ဖြူးရောင်းချမှုအနေဖြင့် ဧပြီလ စတုတ္တပတ်တွင် ရိုးရိုး ထန်းလျက် တစ်ပိဿာ (၇၀၀၀)  ကျပ်၊ အုန်းထန်းလျက် တစ်ပိဿာ (၇၅၀၀)ကျပ်၊ ဇီးထန်းလျက် တစ်ပိဿာ (၇၅၀၀)ကျပ် နှုန်းဖြင့်   မြို့နယ်တွင်းနှင့် အနီးပတ်ဝန်းကျင် မြို့နယ်များအား လက်လီ၊ လက်က္ကား ဖြန့်ဖြူးရောင်းချနေပြီး  ဓာတု ချွတ်ဆေးများ အသုံးမပြုဘဲ သဘာဝထုတ်ကုန်များအား ထုတ်လုပ်ဖြန့်ဖြူးခြင်းဖြင့် စားသုံး  သူများ ဘေးအန္တရာယ်ကင်းပြီး ကြိုက်နှစ်သက်၍ အကျိုးအမြတ်များရရှိနေခြင်းဖြင့် ဈေးကွက်   ရရှိနေကြောင်းသိရပါသည်။

DOCA(ပဲခူး)