
၂၀၂၅ ခုနှစ်အတွက်အင်ဒိုနီးရှား၏ ဆန်ထုတ်လုပ်မှုခန့်မှန်းချက်အား ယမန်နှစ် နိုဝင်ဘာလက ကနဦးခန့်မှန်းထားသည့် တန်ချိန် ၃၂ သန်းမှတန်ချိန် ၃၄ သန်းကျော်အထိမြင့်တက်လာမည်ဖြစ် ကြောင်း ခန့်မှန်းချက်အားပြန်လည်ပြင်ဆင်ခဲ့ပြီး ပို့ကုန်များအတွက် အလားအလာရှိသော အခွင့် အလမ်းများ ဖန်တီးပေးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက မေလ ၈ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ စိုက်ပျိုးရေးမူဝါဒရေးရာဝန်ကြီး၏ အထူးဝန်ထမ်းဖြစ်သော Sam Herodian ၏ အဆိုအရ ပြင်ဆင် ထားသော ခန့်မှန်းချက်သည် တစ်နှစ်တာအတွက် တန်ချိန် ၃၁ သန်းခန့်ရှိသော နိုင်ငံ၏ ဆန်လိုအပ် ချက်ကို ကျော်လွန်လျှက်ရှိကြောင်းသိရသည်။ တိုးတက်လာသော ဆည်မြောင်းစနစ်များ၊ ပြည်သူ့ ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ပိုမိုကောင်းမွန်သော ရေစုပ်စက်များ ကြောင့် ထုတ်လုပ်မှုသည် ပိုမိုတိုးမြင့်လာရန် မျှော်လင့်ရကြောင့် Herodian မှ ပြောကြားခဲ့သည်။ မတူကွဲပြားသော ကြီးထွားမှုအခြေအနေများနှင့် အံဝင်ခွင်ကျဖြစ်စေသော သာလွန်ကောင်းမွန်သော မျိုးစေ့များကို အသုံးပြုခြင်းကြောင့် မြင့်မားသောအထွက်နှုန်းကိုရရှိပြီး ထုတ်လုပ်မှု မြင့်တက်လာမှု ကြောင့် အင်ဒိုနီးရှား၏ ဆန်သိုလှောင်မှုမှာ လက်ရှိ တန်ချိန် ၃ ဒသမ ၅ သန်းထက် လာမည့်နှစ်ပတ် အတွင်း တန်ချိန် ၄ သန်းအထိ ရောက်ရှိနိုင်မည်ဖြစ်ကြောင်း၊ ပို့ကုန်နှင့်ပတ်သက်၍၊ ယခုထုတ်လုပ်မှု သည် ပြည်တွင်းဝယ်လိုအားထက် ကျော်လွန်နေပြီဖြစ်သောကြောင့် ပြည်ပသို့ ဆန်တင်ပို့ရန် စဉ်းစား နိုင်ကြောင်း Herodian က မှတ်ချက်ပြုခဲ့သည်။ မလေးရှားနိုင်ငံသို့ ဆန်တင်ပို့မှုသည် ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်နိုင်မည်ဟု မျှော်လင့်ရကြောင်း မလေးရှားနိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံမှ ဆန် တင်ပို့ရန် ပထမဆုံးတောင်းဆိုသည့် နိုင်ငံများထဲမှ တစ်ခုလည်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြော ကြားခဲ့သည်။
Source : Xinhua
DOCA(ရန်ကုန်)