
မြင့်တက်နေသည့် ကမ္ဘာ့ဘဏ္ဍာရေးဈေးကွက်အန္တရာယ်များကြားတွင် ဗဟိုဘဏ်မှ ဝင်ရောက် စွက်ဖက်မှုကြောင့် အင်ဒိုနီးရှားနိုင်ငံ၏နိုင်ငံခြားငွေအရန်ငွေမှာ ဧပြီလကုန်တွင် အမေရိကန်ဒေါ်လာ ၄.၆ ဘီလီယံမှ ၁၅၂.၅ ဘီလီယံသို့ ကျဆင်းသွားကြောင်း ဘဏ်အင်ဒိုနီးရှားက ကြာသပတေးနေ့တွင် ကြေညာခဲ့သည်။
ကမ္ဘာ့ဘဏ္ဍာရေးဈေးကွက် မတည်ငြိမ်မှုကို တုံ့ပြန်သည့်အနေဖြင့် အစိုးရ၏ နိုင်ငံခြားကြွေးမြီ များ ပေးချေမှုနှင့် ငွေလဲနှုန်းတည်ငြိမ်ရေး မူဝါဒတို့ကြောင့် အရန်ငွေများ ကျဆင်းလာရခြင်းဖြစ် ကြောင်း Bank Indonesia ၏ ဆက်သွယ်ရေးဌာနမှ အမှုဆောင်ဒါရိုက်တာ Ramdan Denny Prakoso က ပြောကြားခဲသည်။
နိုင်ငံခြားငွေလဲလှယ်ရေး အရန်ငွေများသည် ပြင်ပကဏ္ဍ၏ ခံနိုင်ရည် ရှိမှုကို ပံ့ပိုးပေးနိုင်ပြီး မက်ခရိုစီးပွားရေးနှင့် ဘဏ္ဍာရေးစနစ်တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်သည် ဟု Prakoso ကပြောကြားခဲ့သည်။
Source : Xinhua
DOCA(ရန်ကုန်)