Main menu

ဗီယက်နမ်ကုန်သွယ်မှုပိုငွေသည် ၄ လအတွင်း အမေရိကန်ဒေါ်လာ ၃.၇၉ ဘီလီယံသို့ ‌ရောက်ရှိခဲ့

Powered by Drupal

    ဗီယက်နမ်နိုင်ငံသည် ယခုနှစ်ပထမလေးလအတွင်း ကုန်သွယ်မှုပိုငွေအမေရိကန်‌ဒေါ်လာ ၃.၇၉ ဘီလီယံအထိရှိခဲ့ကြောင်း အမျိုးသားစာရင်းအင်းရုံးမှ မေလ ၆ ရက်နေ့တွင်ပြောကြားခဲ့ သည်။ ကိုးကားဖော်ပြသည့်ကာလအတွင်း စုစုပေါင်းသွင်းကုန်ပို့ကုန်တန်ဖိုးသည် တစ်နှစ်ထက် တစ်နှစ် ၁၅.၇ ရာခိုင်နှုန်းသို့ မြင့်တက်ခဲ့ပြီး ပြီးခဲ့သည့်လနှင့်နှိုင်းယှဉ်ပါက ပို့ကုန် ၁၃ ရာခိုင်နှုန်း နှင့် သွင်းကုန် ၁၈.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း တရားဝင်သတင်းအချက်အလက်များအရသိ ရသည်။

    ဇန်နဝါရီမှ ဧပြီလအထိ အီလက်ထရွန်နစ်၊ ကွန်ပျူတာ၊ အစိတ်အပိုင်းများ၊ ဖုန်းများ၊ အထည်ချုပ်နှင့်အထည်အလိပ်၊ ဖိနပ်နှင့်သစ်များအပါအဝင် စုစုပေါင်းပို့ကုန်ခုနှစ်ခုမှ ဝင်ငွေ ဒေါ်လာ ၅ ဘီလီယံကျော်ရှိပြီး စုစုပေါင်းပို့ကုန်တန်ဖိုး၏ ၆၇.၁ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

Source : Xinhua     

DOCA(ရန်ကုန်)