Main menu

မုန့်လက်ဆောင်းနှင့် ရွှေရင်အေး တို့တွင် ပါဝင်သော ဆက်စပ်ပစ္စည်းများ အရောင်းအဝယ် ဖြစ်လျက်ရှိ

Powered by Drupal

     နွေရာသီတွင် ရင်အေးစေတဲ့ အစားအစာတစ်မျိုးဖြစ်တဲ့ မုန့်လက်ဆောင်းနှင့် ရွှေရင်အေးတို့ကို နွေရာသီတွင် အများဆုံး စားသုံးကြသလို အလှူဒါနပွဲများတွင်လည်း အချိုပွဲအဖြစ် လှူဒါန်းကြသည့် အတွက် နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် ဈေးကွက် အတွင်း မုန့်လက်ဆောင်းနှင့် ရွှေရင်အေး တို့တွင် ပါဝင်သော ဆက်စပ် ပစ္စည်းများ အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

     နတ်တလင်းမြို့နယ် ဈေးကွက်အတွင်း မတ်လ စတုတ္တပတ် မှစတင်အရောင်းသွက် လျက်ရှိရာ ယခုဧပြီလ စတုတ္တပတ်တွင် မုန့်လက်ဆောင်းဖက် လက်လီ တစ်ပိဿာ (၂၀၀၀)ကျပ်၊ လက္ကား တစ်ပိဿာ   (၁၈၀၀)ကျပ်၊ သကြား တစ်ပိဿာ (၅၃၀၀)ကျပ်၊ ထန်းလျက် တစ်ပိဿာ (၈၀၀၀-၁၀၀၀၀)ကျပ်၊ နို့ဆီ (one  Tea) တစ်ဗူး (၅၀၀၀)ကျပ်၊ နို့စိမ်း  (ok) (၄၇၀၀)ကျပ်၊ နို့စိမ်း (PEP) (၃၇၀၀)ကျပ်၊ အုန်းနို့ ဗူးသေး   တစ်ဗူး (၄၅၀၀)ကျပ်၊ အုန်းသီး တစ်လုံး (၄၀၀၀-၄၅၀၀)ကျပ်၊ သာကူစေ့ တစ်ပိဿာ (၇၀၀၀)ကျပ်၊ တယ်လီဖုန်းအမှတ်တံဆိပ် ကျောက်ကျော အသေးတစ်ထုပ် (၃၅၀၀)ကျပ်၊လိပ်သဲ (ကျောက်ကျောမဲ) (၅၀)သား (၄၀၀၀)ကျပ်၊ ပေါင်မုန့်ရှည် တစ်လုံး    (၁၅၀၀-၁၈၀၀)ကျပ်၊ ရေခဲ (၁၀)ပေါင် (၁၃၀၀) ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပြီး မုန့်လက်ဆောင်း တစ်ခွက်လျင် (၇၀၀-၁၀၀၀)ကျပ်၊ ရွှေရင်အေး တစ်ခွက် (၁၅၀၀-၂၀၀၀)ကျပ်ဖြင့် ရောင်းချနေ ကြောင်းသိရပါသည်။

DOCA(ပဲခူး)